ညောင်တုန်း , မတ် ၁၆
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးအုန်းမြင့်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်သို့ရောက်ရှိပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပရန် စာစစ်ဌာန ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးအုန်းမြင့်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးကျော်နှင့်အဖွဲ့ဝင်များ၊ စာစစ်ဌာနတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စာမေးပွဲဖြေဆိုသည့် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာရာနှုန်းပြည့်ဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ လျှပ်စစ်မီးနှင့်သောက်သုံးရေရရှိရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးအခက်အခဲများဖြစ်ပေါ်ပါက စောင့်ရှောက်မှုပေးနိုင်ရေးတို့ကို သက်ဆိုင်ရာကြီးကြပ်ရေးအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး စာမေးပွဲအခန်းများပြင်ဆင်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ညောင်တုန်းမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁၁)ခုထားရှိ၍ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment