စစ်ကိုင်း , မတ် ၂၂
စစ်ကိုင်းခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီ အခြေခံအားကစားနည်းသင်တန်းများကို စစ်ကိုင်းမြို့၊ မြို့မအားကစားကွင်းနှင့် အားကစားခန်းမတို့၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ သင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး အားကစားပစ္စည်းများ၊ လေ့ကျင့်ရေးအသုံးအဆောင် ပစ္စည်းများနှင့် သောက်ရေသန့်ဘူးများ ပေးအပ်ခဲ့ကြသည်။
စစ်ကိုင်းမြို့တွင် နွေရာသီ အားကစားသင်တန်းများအဖြစ် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စားပွဲတင် တင်းနစ်၊ Ground တင်းနစ်၊ ဘက်စကတ်ဘော၊ Fitness Dance၊ ကရာတေးဒို၊ ဘောလီဘော အားကစား နည်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးပြီး သင်တန်းသား၊ သင်တန်းသူ (၂၀၀) ဦး တက်ရောက်ကြကာ သင်တန်းကာလမှာ မတ်လ (၁၇) ရက်နေ့မှ ဧပြီလ (၄) ရက်အထိ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment