တောင်ကြီး၊ မတ် ၂၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူး(မြို့ပြ)နှင့်အတူ လေးမိုင်ကွေ့-နောင်ထလီ - ညိုဖီး - နောင်းပနားဗွာ - လင်ကွင်း - ထီရီ (မွေးမြူရေးဇုန်) - ရွှေညောင် လမ်းပိုင်းတွင် ကုန်တင် ယာဉ်ကြီးများသွားလာနိုင်ရန်အတွက် မတ်စောက်သည့်နေရာ၁၇/၄မိုင် ရှိသည်အနက် အတက်အဆင်းမတ်စောက်သည့် မိုင်တိုင်အမှတ်(၄/၃)နှင့် မိုင်တိုင်အမှတ်(၆/၂)တည်ဆောက်ရေးလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီခွဲက အတက်အဆင်းပြေပြစ်ရေးနေရာဖြစ်သည့် မိုင်တိုင်အမှတ်(၄/၃)နှင့် မိုင်တိုင်အမှတ်(၆/၂) တို့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ လေးမိုင်ကွေ့- နောင်ထလီ- ညိုဖီး - နောင်းပနားဗွာ - လင်ကွင်း - ထီရီ(မွေးမြူရေးဇုန်) -ရွှေညောင်လမ်း ၁၇/၄ မိုင် ရှိသည်အနက် အတက်အဆင်း မတ်စောက်သည့် မိုင်တိုင်အမှတ် (၄/၃)နှင့် မိုင်တိုင်အမှတ်(၆/၂)မိုင်အတွင်းအား အတက်အဆင်းပြေပြစ်ရေးအတွက် မြေသား လုပ်ငန်းနှင့် ကျောက်သားလုပ်ငန်းဆောင်ရွက်ပြီးဖြစ်၍ လမ်းအကျယ် ၂၄ ပေ အကျယ်ကတ္တရာ ခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာနေရာတွင် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည့် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းများအချိန်မိပြီးစီးရေးနှင့် ယာဉ်သွားလာမှုပုံမှန်ဖြစ်စေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လမ်းများရေရှည်ကောင်းမွန်ရေး စနစ်တကျဆောင်ရွက်ရန်၊ သတ်မှတ်အရည်အသွေး စံချိန်စံညွန်ပြည့်မီစွာ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
စိုင်းသန်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment