"ရွှေပလ္လင်စားသောက်ဆိုင်"၌ တစ်ခါသုံးကော်ဖီခွက်တွင် ဘုရားစေတီပုံများရိုက်နှိပ်၍ လက်ဖက်ရည်ထည့်ကာရောင်းချနေမှုအား သွားရောက်စစ်ဆေးသိမ်းဆည်း - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

"ရွှေပလ္လင်စားသောက်ဆိုင်"၌ တစ်ခါသုံးကော်ဖီခွက်တွင် ဘုရားစေတီပုံများရိုက်နှိပ်၍ လက်ဖက်ရည်ထည့်ကာရောင်းချနေမှုအား သွားရောက်စစ်ဆေးသိမ်းဆည်း

092-01

093

094

ပဲခူး၊ မတ် ၁၆

ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ၊ (၃၉)မိုင်ယာဉ်ရပ်နားစခန်းဝန်းအတွင်းရှိ "ရွှေပလ္လင်စားသောက်ဆိုင်"၌ တစ်ခါသုံးကော်ဖီခွက်တွင် ဘုရားစေတီပုံများရိုက်နှိပ်၍ လက်ဖက်ရည်ထည့်ကာရောင်းချနေမှုအား တာဝန်ရှိသူများ ယနေ့ သွားရောက်စစ်ဆေးသိမ်းဆည်းခဲ့ကြောင်း သိရသည်။

"ရွှေပလ္လင်စားသောက်ဆိုင်"၌ တစ်ခါသုံးကော်ဖီခွက်များတွင် ဘုရားစေတီပုံများရိုက်နှိပ်၍ လက်ဖက်ရည်ထည့်ကာ ရောင်းချနေကြောင်းသတင်းအရ မတ်လ ၁၆ရက်နေ့ ည (ရး၄၅)နာရီအချိန်တွင် ဘုရားကြီးမြို့နယ်အုပ်ချုပ်ရေးမှူးဦးဟိုင်းကြိုင်ကြိုင်တိုး ဦးစီးသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဘုရားကြီးမြို့နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ်ကျော်ဆန်းဝင်း ဦးစီးသောတပ်ဖွဲ့ဝင်များ၊ (၃၉)မိုင်စစ်ဆေးရေးဂိတ်မှ ဒုရဲအုပ်ရဲနိုင် ဦးစီးသောတပ်ဖွဲ့ဝင်များမှ ပူးပေါင်း၍ သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

"ရွှေပလ္လင်စားသောက်ဆိုင်"အတွင်း၌ တစ်ခါသုံးကော်ဖီခွက်များတွင် ဘုရားစေတီပုံများ ရိုက်နှိပ်ထားသောကော်ဖီခွက်(၂၅)ခွက်အား ရှာဖွေတွေ့ရှိခဲ့ရာ ဆိုင်မန်နေဂျာ ဦးမျိုးဝင်းမှ အပ်နှံပေးခဲ့ပြီး ဘုရားကြီးမြို့အုပ်ချုပ်ရေးမှူး ဦးဟိုင်းကြိုင်ကြိုင်တိုးမှ သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။


ဖြိုးကိုလင်း (ညောင်ဝိုင်း)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages