ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပေါင်းတည်မြို့နယ် နွေစပါးစိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပေါင်းတည်မြို့နယ် နွေစပါးစိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

062

063

64


ပေါင်းတည်၊ မတ် ၂၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အဖွဲ့ဝင်များ၊ တိုင်းခရိုင်ဌာနဆိုင်အကြီးအကဲများလိုက်ပါလျက် ယမန်နေ့နံနက် ၉ နာရီက နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ နွေစပါးစိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ ပေါင်းတည်မြို့နယ်၊ ကြူတောကန်ကျေးရွာအုပ်စု၊ နတ်ပုတီကျေးရွာ၊ ကွင်းအမှတ်(၁၀၉၃)ရှိ တောင်သူဦးအောင်မင်းနှင့် တောင်သူ ၁၇ ဦးတို့၏ နွေစပါး (ဗီယက်နမ်)မျိုးဖြင့် တစ်ကွင်းတစ်စပ်တည်း ဧက (၂၀၀)အကွက်ကျယ် စံပြကွက်၏ စိုက်ပျိုးဖြစ်ထွန်းနေမှုနှင့် ယူရီးယားနှင့် သဘာဝ​မြေသြဇာ စုပေါင်းကြဲပတ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှု၌ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်၊ ပေါင်းတည်မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့က စိုက်ပျိုးဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ရွှေသား

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages