ရန်ကုန်၊ မတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်က အမှတ်(၃)ရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စိမ်းလဲ့က အမှာစကားပြောကြားပြီး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကမှ ကလေးအလုပ်သမား၏အဓိပ္ပါယ်ကိုလည်းကောင်း၊ မြို့နယ်အလုပ်သမားဦးစီးဌာမှ ကလေး အလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ ယခုလိုအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ပေးခြင်းဖြင့် ကလေးသူငယ်များအား အတင်း အကြပ်ခိုင်းစေခြင်းများ၊ ကလေးသူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ၊ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိခိုက်စေမည့်အလုပ်များကို ခိုင်းစေခြင်းမပြုလုပ်ရန် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမား ပေါ်ပေါက်လာသည့်အဓိက အကြောင်းအရင်းများ၊ ကလေးသူငယ်များကို အဆိုးရွားဆုံးပုံစံဖြင့် အတင်းအကြပ်ခိုင်းစေမှုများ၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေမှုများနှင့် ပတ်သက်သည့် ကလေးအလုပ်သမားဆိုင်ရာ တားမြစ်ချက်များနှင့် ပြဌာန်းချက်များ၊ ကလေးအလုပ်သမားများ ပပျောက်စေရန် ကာကွယ်လျှော့ချနိုင်သည့်နည်းလမ်းများနှင့် ကလေးအလုပ်သမားများ၏လုပ်ငန်းခွင်တွင် ကြုံတွေ့နိုင်သည့်အန္တရာယ်များ အကြောင်းတို့ကို အသေးစိတ် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
မြို့နယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment