ပျော်ဘွယ်၊ မတ် ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၅ ခုနှစ်တွင် ဆက်ကပ်လှူဒါန်းခဲ့သည့် ဗုဒ္ဓသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိခဲ့သော ဆရာတော် (၃) ပါးအား ဂုဏဝိသိဌပူဇာမင်္ဂလာဂုဏ်ပြုပူဇော်ပွဲကို ယနေ့နံနက် (၈) နာရီခွဲအချိန်က မြို့နယ်ရာပြည့်သာသနာဗိမာန်တော်ကြီးတွင် ကျင်းပသည်။
ရှေးဦးစွာ ဂုဏဝိသိဌပူဇာမင်္ဂလာဂုဏ်ပြုပူဇော်ပွဲကို နမောတဿသုံးကြိမ်ရွတ်ဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယအဖွဲ့ဥက္ကဋ္ဌ၊ ဝင်းကျောင်းပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂုဏစာရထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်တို့ထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြသည်။
ဆက်လက်၍ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘွဲတံဆိပ်တော်ရ ရေလည်ကွေ့ကျောင်းဆရာတော် ဘဒ္ဒန္တ ဉာဏိတ၊ ဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ပရိယတ္တိမာမကကျောင်းဆရာတော် ဘဒ္ဒန္တကဝိန္ဒ၊ ကမ္မဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ အောင်သိဒ္ဓိကျောင်းဆရာတော် ဘဒ္ဒန္တဝိသာရဒတို့အား အမှတ် (၇၁) သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးကြီးကျော်ဆွေလင်း၊ ရမည်းသင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုးတို့က ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများထပ်ဆင့်ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော်ရ ဦးအောင်လင်းနိုင်အား ရမည်းသင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမင်းဟန်၊ ခရိုင်သာသနာရေးမှူး ဦးသန်းညွန့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မျိုးသန်းတို့က ဂုဏ်ပြုလက်မှတ်နှင့် လည်ဆွဲတို့အား ဂုဏ်ပြုချီးမြှင့်ကြသည်။
၎င်းနောက်တက်ရောက်လာသည့် ဧည့်ပရိသတ်များက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် အဖွဲ့ဝင်များ၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော် (၃) ပါး၊ ပင့်သံဃာ (၂၅) ပါးတို့အား နေ့ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)
https://t.me/MyanmarNationalPost
No comments:
Post a Comment