နေပြည်တော်၊ မတ် ၉
ဘယ်လာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှနေ၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆာမားရားမြို့သို့ အထူးလေယာဉ်ဖြင့် သွားရောက်ခဲ့သည်။
ထိုသို့ သွားရောက်နေစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ချစ်ကြည်ရေးခရီးစဉ်တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါလာသည့် အမျိုးသမီးကိုယ်စားလှယ်အဖွဲ့ဝင်များအား အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အထူးလေယာဉ်ပေါ်၌ ဂုဏ်ပြုစကားပြောကြားခဲ့သည်။
အလားတူ ဆာမားရားမြို့ရှိ Roscosmos အာကာသကော်ပိုရေးရှင်း၊ JSC Progress စက်ရုံသို့ သွားရောက်လေ့လာစဉ်၌လည်း JSC Progress စက်ရုံမှ အမျိုးသမီးများအား အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုစကားပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ချစ်ကြည်ရေးခရီးစဉ်တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသည့် အမျိုးသမီးကိုယ်စားလှယ်အဖွဲ့ဝင်များအား ဆာမားရားမြို့မှ တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုပန်းစည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment