နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် အကြိုဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် အကြိုဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ

013

014

015

016

017

နေပြည်တော်၊ မတ် ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်းဧည့်ခံသည့် ၂၀၂၅ ခုနှစ်၊ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် အကြိုဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယမန်နေ့ ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ ကျင်းပပြုလုပ်သည်။

အကြိုဂုဏ်ပြုညစာစားပွဲ စတင်ကျင်းပချိန်တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ ကို ကြိုဆိုဂုဏ်ပြုသည့်အထိမ်းအမှတ်အဖြစ် တပ်မတော်နေ့စစ်ရေးပြကွင်းနှင့် ဘုရင့် နောင်ရိပ်သာတို့မှ မီးရှူးမီးပန်းများ ပစ်ဖောက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် နှစ် (၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် အကြိုဂုဏ်ပြုညစာစားပွဲသို့ တက်ရောက် လာကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fominနှင့် အဖွဲ့ဝင်များ၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့်ဇနီး၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင် များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရဲဘော် သုံးကျိပ်ဝင် မိသားစုဝင်များ၊ အငြိမ်းစား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိကြီးများ၊ လွတ်လပ် ရေးမော်ကွန်းဝင် ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် မော်ကွန်းဝင် ပုဂ္ဂိုလ်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်သား အငြိမ်းစား သံအမတ်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူး များနှင့် တာဝန်ရှိသူများ၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စား လှယ်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အောင်ဆန်း သူရိယဘွဲ့ ရရှိခဲ့သူများ၏ မိသားစုဝင်များနှင့် ဆွေမျိုးများ၊ သီဟသူရဘွဲ့၊ သူရဘွဲ့နှင့် တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့၊ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိခဲ့ကြ သည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ၊ ဆွေမျိုးများ၊ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ အသွင်ပြောင်းပြည်သူ့စစ်၊ မူလပြည်သူ့စစ်နှင့် နယ်ခြားစောင့်ဗဟို အကြံပေးကွပ်ကဲရေးအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့တို့မှပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်း များ၊ ဝိုင်အမ်ဘီအေအသင်းကြီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အသင်းဗဟိုတို့မှ တာဝန်ရှိသူများ၊ တပ်မတော်နေ့ဂုဏ်ပြု ဇာတ်လမ်းတွင်ပါဝင်ခဲ့သည့် အနုပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သည် တေးသီချင်း၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည် ပြိုင်ပွဲများတွင်ဆုရရှိကြသူများ၊ သတင်းမီဒီယာကောင်စီ၊ ရုပ်ရှင်သဘင်ဂီတ အစည်း အရုံးနှင့် သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ တက္ကသိုလ်လေ့ကျင့် ရေးတပ်များမှ တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

နှစ်(၈၀)ပြည့် တပ်မတော်နေ့ အကြိုဂုဏ်ပြုညစာစားပွဲတွင် ညစာမသုံးဆောင်မီ နှင့် သုံးဆောင်နေစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေး နှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့ မှ အနုပညာရှင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အနုပညာရှင်များ၊ ရုရှားတပ်မတော်သံစုံ တီးဝိုင်းအဖွဲ့မှ အနုပညာရှင်များက မျိုးချစ်စိတ်ရှင်သန်ထက်မြက်စေမည့် ဂုဏ်ပြုတေး သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

အကြိုဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကာ အခမ်းအနားအောင်မြင် ခြင်း အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများ ပစ်ဖောက်မှုကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ဇေယျာသီရိဗိမာန်သဘင်ဆောင်အတွင်း၌ ပြည်သူ့ ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ဝင် စစ်သည်၊ စစ်သမီးများ၏ “ပန်းသုံးပွင့်၏ အဘိဓမ္မာ” ပြဇာတ် တင်ဆက်ဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဖျော်ဖြေတင်ဆက်မှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က စစ်သည်၊ စစ်သမီးများအား အမှတ်တရ ဂုဏ်ပြုပန်းခြင်းများ ပေးအပ်ခဲ့ကြပြီး တက်ရောက်လာကြသူများအား ရင်းရင်း နှီးနှီး နှုတ်ဆက်ခဲ့သည်။

နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအဝင် လမ်းမကြီးတစ်လျှောက်တွင် တပ်မတော် ရေယာဉ်၊ ရဟတ်ယာဉ်များ၊ သံချပ်ကာယာဉ်များ၏ ပုံသဏ္ဍန်များ၊ ပထမ၊ ဒုတိယနှင့် တတိယ မြန်မာနိုင်ငံတော်တို့ကို တည်ထောင်ခဲ့ကြသော မင်းသုံးပါးရုပ်တုများကို မီးအလှအပ များဖြင့် လှပစွာဂုဏ်ပြုပုံဖော်ထွန်းညှိထားရှိကြောင်းနှင့် တပ်မတော်နေ့ အကြိုဂုဏ်ပြု ညစာစားပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများက စိတ်ချမ်းမြေ့ကြည်နူးစွာ ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages