သဲကုန်း၊ မတ် ၂၀
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းတွင် မတ်လ(၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်အား ဆက်လက်ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းလုံခြုံစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးယဥ်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျောင်းသားမိဘများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိသည်။
သဲကုန်းမြို့နယ်တွင် စာစစ်ဌာန (၄)ခုရှိ၍ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်ရှိသူ အတွင်းအပြင်စုစုပေါင်း(၈၀၁)ဦးရှိသည့်အနက် ဓာတုဗေဒဘာသာရပ်တွင် ဖြေဆိုသူ(၇၆၂)ဦး၊ ပျက်ကွက်(၃၆)ဦး၊ ဖြေဆိုမှု(၉၅.၄၉)ရာခိုင်နှုန်းရှိပြီးပထဝီဝင်ဘာသာရပ်တွင် ဖြေဆိုသူ(၂)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိရာ သဲကုန်းမြို့နယ်အတွင်းရှိ စစ်ဌာန(၄)ခုတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်းသိရှိရသည်။
ဝေယံကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment