အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က (၁၂) ကြိမ်မြောက် အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီအစည်းအဝေးနှင့် (၄) ကြိမ်မြောက် အာဆီယံ-ယူကေ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီအစည်းအဝေးများသို့ တက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က (၁၂) ကြိမ်မြောက် အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီအစည်းအဝေးနှင့် (၄) ကြိမ်မြောက် အာဆီယံ-ယူကေ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီအစည်းအဝေးများသို့ တက်ရောက်

067

068

069

ဂျကာတာ၊ မတ် ၂၇

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ ၂၅-၃-၂၀၂၅ ရက်တွင် ကျင်းပခဲ့သည့် (၁၂)ကြိမ်မြောက် အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီအစည်းအဝေးနှင့် ၂၇-၃-၂၀၂၅ ရက်တွင် ကျင်းပခဲ့သည့် (၄)ကြိမ်မြောက် အာဆီယံ-ယူကေ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

(၁၂)ကြိမ်မြောက် အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီ အစည်းအဝေးတွင် အာဆီယံ-ကိုရီးယား လုပ်ငန်းအစီအစဉ်(၂၀၂၁-၂၀၂၅) အကောင်အထည် ဖော်မှုအခြေအနေနှင့် ဖြစ်ပေါ်တိုးတက်မှုများအပေါ် ပြန်လည်သုံးသပ်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ်တွင် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံ ရေးသို့ တိုးမြှင့်ခဲ့ပြီးနောက် အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံအကြား ရှိရင်းစွဲပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင်မည့် အနာဂတ်အလားအလာများအပေါ် ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး၏ လက်ရှိညှိနှိုင်း ရေးမှူး၊ အာဆီယံဆိုင်ရာ ထိုင်းအမြဲတမ်းကိုယ်စားလှယ် H.E. Phantipha Iamsudha Ekarohit နှင့် အာဆီယံ ဆိုင်ရာ  ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E.  Lee Jang-Keun တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

အလားတူ (၄)ကြိမ်မြောက် အာဆီယံ-ယူကေ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီ အစည်းအဝေးတွင် အာဆီယံ-ယူကေ လုပ်ငန်းအစီအစဉ် (၂၀၂၂-၂၀၂၆) အကောင်အထည်ဖော် ရာတွင်  ဖြစ်ပေါ်တိုးတက်မှုအခြေအနေအပေါ် ပြန်လည်သုံးသပ်၍ အာဆီယံနှင့် ယူကေတို့ အကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရေးအတွက်  အနာဂတ်စီမံကိန်းများ နှင့် အစီအစဉ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြသည်။ အစည်းအဝေးတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံ၏ ပြည်တွင်း ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို အသိပေးပြောကြားခဲ့သည်။ 

အစည်းအဝေးတွင် အာဆီယံ-ယူကေ ဆွေးနွေးဖက်ဆက်ဆံရေး၏ လက်ရှိညှိနှိုင်းရေးမှူး၊ အာဆီယံဆိုင်ရာ ဗီယက်နမ်အမြဲတမ်းကိုယ်စားလှယ် H.E. Dr. Ton Thi Ngoc Huong နှင့် အာဆီယံဆိုင်ရာ ယူကေ သံအမတ်ကြီး H.E. Sarah Tiffin တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများက ဖော်ပြပါအစည်းအဝေးများသို့ အသီးသီး ပါဝင်တက်ရောက်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages