နေပြည်တော်၊ မတ် ၂၀
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ မတ်လ ၁၈ ရက်နေ့က ဝိုင်ယာရှော့ခ်ဖြစ်ရာမှတစ်ဆင့် မော်တော်ယာဉ် ၁ စီး မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၂၈ မိုင် ၅ ဖာလုံအနီး၌ မော်တော်ယာဉ် ၁ စီး မီးလောင်မှု ဖြစ်ပွားကြောင်းသတင်းအရ ပန်းတင်အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ် စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မီးသတ်ယာဉ် ၂ စီးဖြင့် သွားရောက်ငြှိမ်း သတ်ရာ မိနစ် ၂၀ ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး စိစစ်ရာ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ဥတ္တရ သီရိမြို့နယ်၊ ကြီးပွားရပ်ကွက်နေ အောင်ကျော်ဇော(၃၄)နှစ် မောင်းနှင်၍ ယာဉ်ပေါ်တွင် ပုလင်းခွံ၊ စက္ကူချပ်ဖာ၊ Battery အဟောင်းများတင်ဆောင်လာသည့် NPW-8 6F/xxxx HYUNDAI PORTER II ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ ယာဉ်နောက်ခန်းအတွင်း တပ်ဆင်ထားသော အလှမီးသီး၏ ဝိုင်ယာကြိုးရှော့ခ်ဖြစ်ရာမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ယာဉ်နောက်ခန်း အမိုးကိုင်းများနှင့် ယာဉ်ပေါ်ပါ ပစ္စည်းများပျက်စီးဆုံးရှုံးခဲ့သဖြင့် အောင်ကျော်ဇော အား ပန်းတင် အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၈/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment