ရန်ကုန်၊ မတ် ၂၃
ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ တိုင်းရင်းသားရိုးရာအကနှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
ယိမ်းပြိုင်ပွဲများအနေဖြင့် ၁၂ ဦးယိမ်း (မူကြို ကျောင်းများ)၊ ၁၂ ဦးယိမ်း (ကျောင်းများ)၊ ၁၂ ဦး ယိမ်း (ရုံး/အခြားဌာနများ)၊ ၁၆ ဦးယိမ်း (ကျောင်း များ)၊ ၁၆ ဦးယိမ်း (ရုံး/အခြားဌာနများ)၊ ၂၀ ဦး ယိမ်း(အလွတ်တန်း)၊ ၁၂ ဦးယိမ်း (ကျား) (အလွတ်တန်း) နှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများ ဖြင့် ကျင်းပသွားမည်ဖြစ်သည်။
ပြိုင်ပွဲဝင်အသင်းများအနေဖြင့် မတ် ၃၁ ရက် နောက်ဆုံးထား၍ ဗိုလ်တထောင်မြို့နယ် (၄၆) လမ်း (၁၂) ထပ်ခွဲရုံး (၁၀) လွှာရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) တွင် လာရောက်စာရင်းပေးသွင်း နိုင်ပြီး အသေးစိတ်သိရှိလိုပါက အကဲဖြတ် လုပ်ငန်းကော်မတီ ဖုန်း-၀၉၅၁၀၃၂၈၇ ၊ ၀၉၅၀၂၇၂၆၀၊ ၀၉၅၀၂၇၉၉၀ ၊ ၀၉၄၅၂၈၁၃၆၇၂ ၊ ၀၉၄၂၀၁၅၂၃၃၉ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment