အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကျင်းပ

015


မန္တလေး၊ မတ် ၂၈

နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး နန်းမြို့အတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်၊ မိသားစုများ၊ ဆရာတော်၊ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံ ပြည်သူများ စုစုပေါင်းအင်အား ၇၀၀၀ ကျော်ခန့် တက်ရောက်သည်။

ဆက်လက်၍ နန်းမြို့ကျောက်တိုင်စစ်ရေးပြကွင်း၌ အခမ်းအနားတက်ရောက်လာသူများနှင့်အတူ နိုင်ငံတော်အလံအလေးပြုခြင်း၊ ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုခြင်းနှင့် တိုင်းမှူးက တပ်မတော်နေ့မိန့်ခွန်းပြောကြားခြင်းတို့ကို စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့သည်။

ထို့နောက် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် စစ်ရေးပြတပ်ခွဲဆု၊ စစ်သည်တော် ကျင့်ဝတ်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ လက်နက်ငယ်ကျွမ်းကျင်ပြိုင်ပွဲဆုများချီးမြှင့်ခြင်း၊ စစ်သည်များ အဆင့်တိုးမြှင့်ပေးခြင်းအခမ်းအနားကို နန်းမြို့အတွင်းရှိ ရန်အောင်မြင်ခန်းမ၌ ဆက်လက်ကျင်းပရာ တိုင်းမှူးက အမှာစကားပြောကြားသည်။

ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများက နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် စစ်ရေးပြတပ်ခွဲဆု၊ စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ လက်နက်ငယ်ကျွမ်းကျင် ပြိုင်ပွဲများတွင်ဆုရရှိသူများနှင့် အဆင့်တိုးရရှိသည့် စစ်သည်များအား ဆုများပေးအပ်ခြင်း၊ အဆင့်တိုးမြှင့်တပ်ဆင်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်အတူ နှစ်(၈၀)ပြည့်တပ်မတော်နေ့ ဂုဏ်ပြုညစာစားပွဲကို ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages