နေပြည်တော်၊ မတ် ၂၈
နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ဆုရရှိကြသော စစ်ရေးပြတပ်ခွဲများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယမန်နေ့ ညပိုင်းတွင် နေပြည်တော်ရှိ စုရပ်သစ်တပ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတက်ရောက်၍ ဆုများကို ပေးအပ်ချီးမြှင့်သည်။
ဦးစွာ ဆုချီးမြှင့်ပွဲသို့ တက်ရောက်လာသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား စစ်ရေးပြမှူးကြီး ဗိုလ်ချုပ်ရဲကျော်သူ ဦးဆောင်သည့် စစ်ရေးပြစစ်ကြောင်းများက အလေးပြုကြသည်။
ပေးအပ်ချီးမြှင့်
ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက ဂုဏ်ပြုဆုများရရှိကြသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)အထူးတပ်ဖွဲ့ စစ်ရေးပြတပ်ခွဲ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အထူးတာဝန်တပ်ဖွဲ့(အမျိုးသမီး)စစ်ရေးပြတပ်ခွဲ၊ ဗဟိုစစ်တီးဝိုင်းအဖွဲ့၊ လေအိတ်ပလွေတီးဝိုင်းအဖွဲ့၊ အောင်ဇေယျစစ်ကြောင်း (အမျိုးသမီး)အလံအဖွဲ့၊ မြင်းစီးစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းအဖွဲ့နှင့် စစ်တီးဝိုင်းအဖွဲ့ အကောင်းဆုံးဆုရရှိသည့် ဘုရင့်နောင်စစ်ကြောင်း စစ်တီးဝိုင်းအဖွဲ့၊ အလံအဖွဲ့အကောင်းဆုံးဆုရရှိသည့် ဘုရင့်နောင်စစ်ကြောင်းအလံအဖွဲ့၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) (အမျိုးသမီး) တပ်ခွဲတတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ(၂)၊ အကောင်းဆုံးစခန်း တတိယဆုရရှိသည့် လေကြောင်းချီတပ်ဖွဲ့ ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်ချီသီချင်း အကောင်းဆုံးတတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ(၃)၊ စစ်စည်းကမ်းအကောင်းဆုံး တတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ (၂)၊ စစ်ရေးပြအကောင်းဆုံး တတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ(၁)တို့အား ဂုဏ်ပြုဒိုင်းဆုများနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက မြန်မာနိုင်ငံရဲတပ်ဖွဲ့(အမျိုးသမီး)တပ်ခွဲ ဒုတိယဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု (အမျိုးသမီး) စစ်ရေးပြတပ်ခွဲ(၂)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့(အမျိုးသား)တပ်ခွဲ ဒုတိယဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြု(အမျိုးသား) စစ်ရေးပြတပ်ခွဲ(၁)၊တပ်မတော် (ကြည်း၊ ရေ၊ လေ) (အမျိုးသမီး)တပ်ခွဲ ဒုတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု(အမျိုးသမီး)စစ်ရေးပြတပ်ခွဲ(၁)၊ အကောင်းဆုံးစခန်း ဒုတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ(၁)၊ စစ်ချီသီချင်း အကောင်းဆုံးဒုတိယဆုရရှိသည့် လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်စည်းကမ်း အကောင်းဆုံးဒုတိယဆုရရှိသည့် ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်ရေးပြအကောင်းဆုံး ဒုတိယဆုရရှိသည့် စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(အမျိုးသမီး)တပ်ခွဲ ပထမဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု(အမျိုးသမီး)စစ်ရေးပြ ဂုဏ်ပြုတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အမျိုးသား) တပ်ခွဲပထမဆုရရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြု(အမျိုးသား)စစ်ရေးပြတပ်ခွဲ(၃)၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) (အမျိုးသမီး)တပ်ခွဲ ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု(အမျိုးသမီး) စစ်ရေးပြတပ်ခွဲ(၁)၊ အကောင်းဆုံးစခန်း ပထမဆုရရှိသည့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်ရုံး ကိုယ်စားပြုစစ်ရေးပြတပ်ခွဲ၊ စစ်ချီသီချင်း အကောင်းဆုံး ပထမဆုရရှိသည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး ကိုယ်စားပြုစစ်ရေးပြ ဂုဏ်ပြုတပ်ခွဲ၊ စစ်စည်းကမ်း အကောင်းဆုံးပထမဆုရရှိသည့် အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စစ်ရေးပြအကောင်းဆုံး ပထမဆုရရှိသည့် သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့ကို ဂုဏ်ပြုဒိုင်းဆုများနှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ်ချီးမြှင့်သည်။
ဒိုင်းဆုနှင့် ဂုဏ်ပြုဆုငွေပေးအပ်
ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) အုပ်ဖွဲ့ပျံသန်းအဖွဲ့ ဂုဏ်ပြုဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) အုပ်ဖွဲ့ပျံသန်းအဖွဲ့၊ စံပြတပ်ခွဲ တတိယဆုရရှိသည့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူး ရုံးကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ စံပြတပ်ခွဲဒုတိယဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြုစစ်ရေးပြဂုဏ်ပြု တပ်ခွဲ၊ စံပြတပ်ခွဲပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုစစ်ရေးပြ ဂုဏ်ပြုတပ်ခွဲများအား ဒိုင်းဆုနှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဂုဏ်ပြုအမှာစကားပြောကြားပြီး ဆုချီးမြှင့်ပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
https://t.me/MyanmarNationalPost
No comments:
Post a Comment