ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်သိန်း ၇,၃၅၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဖြူ ဘလောက်တုံးများ ဖမ်းဆီးရမိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်သိန်း ၇,၃၅၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဖြူ ဘလောက်တုံးများ ဖမ်းဆီးရမိ

022

နေပြည်တော်၊ မတ် ၁၄

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မတ်လ ၁၁ ရက်နေ့ ၀၉၄၀ အချိန် ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မိုင်းပျဉ်းမြို့ဘက်မှ ကျိုင်းတုံမြို့ဘက်သို့ ကျော်ကျော်ထက်အောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆,၃၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ၀၉ ၄၅ အချိန် သက်ကျော်ဦး အား အဆိုပါနေရာ၌ LIFAN အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ ဘိန်းဖြူ ဘလောက်တုံး ၁၄၀ တုံး၊ အလေးချိန် ၄၉ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇,၃၅၀)၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျော်ကျော်ထက်အောင်(၃၂)နှစ် နှင့် သက်ကျော်ဦး(၂၈)နှစ်တို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages