မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် လက်ကမ်းများဖြန့်ဝေ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် လက်ကမ်းများဖြန့်ဝေ

070

071

072


မိုးနဲ၊ မတ် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် လက်ကမ်းများဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ဝိဇ္ဇာရိယပရိယတိသတ္တမပါလ စာသင်တိုက်ရှိ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ကြားနေသော ကျောင်းသား/သူများ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ သင်ကြားသင်ယူမှုထိရောက်ရေး ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း တက်ရောက်နေသော ဆရာ/မများနှင့် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်ရှိ တာဝန်ထမ်းဆောင်နေသူများအား အခမဲ့ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် နှင်းအပ်တာဝန်ကျေပွန်ခဲ့သည်၊ နှစ်(၈၀)ပြည့် တပ်မတော်နေ့ဦးတည်ချက်များ၊ နိုင်ငံရေးရည်မှန်းချက်(၂)ရပ်၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊  အမျိုးသားရေးရည်မှန်းချက် (၂)ရပ်၊ ချစ်ညီစစ်သည်သို့၊ ၂၈-၃-၂၀၂၄ ရက်နေ့ (၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်အစရှိသည့် ဆောင်းပါး၊ ဦးတည်ချက်၊ ရည်မှန်းချက်၊ ကာတွန်းရုပ်ပြများ ပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။


ဦးဇင်ကိုကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages