နှစ် (၈၀)ပြည့် တပ်မတော်နေ့ မိန်းခွန်း (အပိုင်း - ၄) - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

နှစ် (၈၀)ပြည့် တပ်မတော်နေ့ မိန်းခွန်း (အပိုင်း - ၄)

016

 နှစ် (၈၀)ပြည့် တပ်မတော်နေ့ မိန်းခွန်း (အပိုင်း - ၄)


ရဲဘော်တို့

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက်လုပ်ဆောင်ရာမှာ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိဖို့လိုအပ်တာကြောင့် ပြည်သူတစ်ဦးချင်းစီနဲ့ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေပူးပေါင်းပြီး လုံခြုံရေးအသိရှိရှိ ဆောင်ရွက်နိုင်ဖို့ ပြည်သူ့လုံခြုံရေးစနစ်ကို ဖော်ဆောင်လျက်ရှိတယ်။ ဒီလိုဖော်ဆောင်ရာမှာ ပြည်သူလူထု၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ လုံခြုံရေးတာဝန်ရှိသူအားလုံးက ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်တယ်။

ဒါ့အပြင် နိုင်ငံသားတိုင်းဟာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတာနဲ့အညီ သတ်မှတ်ထားတဲ့ အသက်အရွယ်နဲ့အကျုံးဝင်တဲ့ နိုင်ငံသားတိုင်း နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ထမ်းဆောင်ခွင့်ရရှိရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှာ စတင်အသက်သွင်းခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတယ်။ ပြည်သူ့စစ်မှုထမ်းတွေဟာ အလွှာပေါင်းစုံက ဝင်ရောက်တာဝန် ထမ်းဆောင်ကြသူတွေဖြစ်ပေမယ့်လည်းအတူ စုပေါင်းလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အရောင်အသွေးတူ၊ အတွေးအမြင်တူ၊ ယုံကြည်ချက်၊ ခံယူချက်တူညီသူတွေ ဖြစ်လာပြီးတော့ နောင်တော်တပ်မတော်သားတွေနဲ့အတူလက်တွဲပြီး နိုင်ငံတစ်ဝန်း တာဝန်ကျရာတပ်အသီးသီးမှာ ကိုယ်စီတာဝန်တွေ ထမ်းဆောင်နေကြပြီဖြစ်တယ်။ ဒါကြောင့် တာဝန်သိနိုင်ငံ့သားကောင်းတွေဟာ ပြည်သူ့စစ်မှုထမ်းတွေအဖြစ် ခိုင်မာတဲ့အင်အားစုတစ်ရပ်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ထမ်းဆောင်နေကြပြီဖြစ်ကြောင်း ဂုဏ်ယူစွာနဲ့ ပြောကြားလိုတယ်။


ရဲဘော်တို့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေးရည်မှန်းချက် ၂ ရပ်ကို ခိုင်မာစွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတယ်။ နိုင်ငံတော်အစိုးရကချမှတ်ထားတဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်တဲ့နေရာမှာ ဒို့တပ်မတော်အနေနဲ့ ကျရာကဏ္ဍကနေ ပါဝင်ဆောင်ရွက်သွားကြရမှာဖြစ်တယ်။

ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် နိုင်ငံသူနိုင်ငံသားအားလုံး စည်းလုံးညီညွတ်စွာနဲ့ ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်းတည်ပြီး နိုင်ငံတော်ကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်သွားကြဖို့ လိုအပ်တယ်။ ပြည်ထောင်စုစိတ်ဓာတ်ဟာ အတိတ်သမိုင်းရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုမှာ အရင်းခံဖြစ်ခဲ့သလို အနာဂတ် ဒီမိုကရေစီနိုင်ငံတော်အတွက် လည်း အခြေခံအုတ်မြစ်ဖြစ်တယ်။ ဒို့နိုင်ငံမှာ တိုင်းရင်းသားအားလုံးဟာ တစ်မြေတည်းနေ တစ်ရေတည်းသောက်သူတွေဖြစ်လို့ အရေးကြုံလာရင် ပူးပေါင်းဆောင်ရွက်လိုတဲ့စိတ်ဓာတ်နဲ့ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ အေးအတူပူအမျှ တစ်သွေးတည်း တစ်သားတည်းရှိတယ်ဆိုတဲ့ စိတ်ဓာတ်တွေရှိဖို့ အရေးကြီးဆုံးနဲ့ အလိုအပ်ဆုံးဖြစ်တယ်ဆိုတာပြောကြားလိုတယ်။ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုတဲ့စကားအတိုင်း ပြည်ထောင်စုဖွားတိုင်းရင်းသားတွေအားလုံးရဲ့ စည်းလုံးညီညွတ်မှုအင်အားတွေနဲ့အတူ တက်ညီလက်ညီ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှသာ မိမိတို့ရည်မှန်းထားတဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မှာဖြစ်ကြောင်း အလေးထားပြောကြားလိုတယ်။

ဒီလိုတည်ဆောက်နိုင်ဖို့လုပ်ဆောင်ရာမှာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေးရရှိရေးဟာ အလွန်အရေးကြီးတယ်။ ဒို့တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေနဲ့ပတ်သက်ရင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ပါ သဘောတူညီချက်တွေအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွား မှာဖြစ်တယ်။ ဒါ့အပြင် လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းဖက်လမ်းစဉ်တွေကြောင့် နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကိုထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူ လက်တွဲဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းတွေ၊ အကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်တဲ့လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်းတွေကတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းထားပြီးဖြစ်တယ်။ နိုင်ငံရေးနည်းလမ်းကို စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေးခြင်းနဲ့သာ အဖြေရှာနိုင်မှာဖြစ်တာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အမြဲတမ်းကြိုဆို လမ်းဖွင့်ထားကြောင်း ထပ်မံအသိပေးပြောကြားလိုတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages