ကားတင်သွင်းခွန် ကင်းလွတ်ခွင့်ပေးဖို့ ဂျပန် က အမေရိကန်ကို တောင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကားတင်သွင်းခွန် ကင်းလွတ်ခွင့်ပေးဖို့ ဂျပန် က အမေရိကန်ကို တောင်းဆို




မတ် - ၂၈ ( သောကြာနေ့ ) 

ဂျပန်အစိုးရသည် ၎င်းရဲ့အနီးကပ်ဆုံးမဟာမိတ် အမေရိကန်အစိုးရရဲ့ နောက်ဆုံးလုပ်ဆောင်မှုမှာ အလွန်ဝမ်းနည်းဖွယ် ကောင်းကြောင်း အစိုးရ ထိပ်တန်း ပြောရေးဆိုခွင့်ရှိသူကဆိုလိုက်ပြီး  မော်တော်ယဉ်ခွန် ကင်းလွတ်ခွင့်ပေးရန် ဂျပန်အစိုးရက အမေရိကန်အစိုးရကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။ 

“ဂျပန်ကို ဖယ်ထုတ်ဖို့ (အမေရိကန်အစိုးရ) ကို ပြင်းပြင်းထန်ထန်တိုက်တွန်းလိုက်ပါတယ်” ဟု အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီမာဆာ ဟာယာရှီက ပြောကြားပြီး ယင်းကိစ္စကို တုံ့ပြန်ရာတွင် ဆက်စပ်ဝန်ကြီးများ ပူးပေါင်းဆောင်ရွက်ကြရန် ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာ က ညွှန်ကြားထားကြောင်း ပြောကြားခဲ့ပါတယ်။ 

စက်မှုဝန်ကြီး ယိုဂျီမူတို  ယခုလအစောပိုင်းမှာ အမေရိကန်ကို သွားရောက်လည်ပတ်စဉ် အလားတူတောင်းဆိုမှု ပြုလုပ်ခဲ့ပါတယ်။  အမေရိကန်ပြင်ပမှ မော်တော်ကားအားလုံးအပေါ် ထပ်ဆောင်းအကောက်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမှုမှ ဂျပန်နိုင်ငံအား ဖယ်ထုတ်ရန် ဝါရှင်တန်အစိုးရအား ထပ်မံတိုက်တွန်းခဲ့ကြောင်း ၎င်းကပြောပါတယ်။ 

ကုန်သွယ်မှု ကန့်သတ်ရန် အမေရိကန်၏ လှုပ်ရှားမှုသည် နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံမှုများ၊ ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံစုံ ကုန်သွယ်မှု စနစ်အပေါ် ကြီးမားသော သက်ရောက်မှု ရှိနိုင်သည်ဟု ဟာယာရှီ က ပြောကြားခဲ့ပါတယ်။ ခြွင်းချက်မရှိဘဲ မော်တော်ကားတင်သွင်းမှုအပေါ် ထပ်ဆောင်းအခွန် ၂၅ ရာခိုင်နှုန်း ထပ်တိုးကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။ ဧပြီလ ၃ ရက်နေ့တွင် အကောင်အထည် ဖော်ရန် မျှော်လင့်ထားသည့် အဆိုပါ ခြေလှမ်းသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်များကို အနှောင့်အယှက်ဖြစ်စေပြီး အမေရိကန်ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်လာသည့် ဂျပန်ကားထုတ်လုပ်သူများ အတွက် ထိုးနှက်ချက်ဖြစ်လာမည်ကို စိုးရိမ်လျက်ရှိပါတယ်။ 


REF: Kyodo News

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)