မတ်လ - ၁၂ ( ဗုဒ္ဓဟူးနေ့ )
၂၀၂၂ ရုရှား- ယူကရိန်းပဋိပက္ခ အရှိန်မြင့်လာပြီးနောက် ရုရှားဗဟိုဘဏ်ရဲ့ ပိုင်ဆိုင်မှု ကန်ဒေါ်လာ ၃၀၀ ဘီလီယံခန့်ကို အနောက်နိုင်ငံတွေက သိမ်းဆည်းထားတာရှိပါတယ်။ အဲ့ဒိထဲက သန်း ၂၀၀ ကျော်ကို ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ အခြေစိုက် Euroclear ရှင်းလင်းရေးစင်တာမှာ သိမ်းဆည်းထားတာဖြစ်ပြီး ယူကေတွင် ဒေါ်လာ ဘီလီယံ ၃၀ ရှိနေပါတယ်။ ယူကေက သိမ်းဆည်းထားတဲ့ ရုရှားဗဟိုဘဏ် ရဲ့ ရန်ပုံငွေတွေကနေ ရရှိတဲ့ အတိုးတွေကို ယူကရိန်းသို့ လွှဲပြောင်းပေးနေခြင်းက နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်ကြောင်း ရုရှားဒူးမာလွှတ်တော် ဥက္ကဋ္ဌ ဗီယာချေစလဗ် ဗိုလိုဒင်က ပြောကြားလိုက်ပါတယ်။
ယူကရိန်းဝန်ကြီးချုပ် ဒန်နစ်ရှမီဂယ် က ရုရှားငွေများကနေရတဲ့ အတိုးတွေကို ယူကေထံမှ အာမခံဒေါ်လာ ၁ ဘီလီယံခန့်တန်ဖိုးရှိသော ပထမလက်ကျန်ငွေကို ယူကရိန်း အစိုးရ လက်ခံရရှိခဲ့ကြောင်း သောကြာနေ့ က ပြောကြားခဲ့ပါတယ်။ အဲ့ဒိငွေတွေအပြင် သိမ်းယူထားတဲ့ ရုရှားပိုင်ဆိုင်မှုအားလုံးကို ယူကရိန်းကာကွယ်ရေးကို အားကောင်းလာစေဖို့ ယူကရိန်းအစိုးရသို့ လွှဲပြောင်းပေးမယ်လို့ မျှော်လင့်ကြောင်း ၎င်းကပြောကြားခဲ့ပါတယ် ။
အဲ့ဒိနေ့မှာပဲ ဗိုလိုဒင်က သတင်းစာရှင်းလင်းပွဲမှာ ဗြိတိန်အနေနဲ့ ရုရှားငွေတွေကို ယူကရိန်းအား ရက်ရက် ရောရော ပေးကမ်းနေမှုတွေက တစ်ချိန်မှာ ပြန်ပေးရမှာပါ။ ပြန်မပေးလို့ရှိရင်တော့ တုံ့ပြန်မှု တစ်စုံတစ်ရာကို အကြောင်းပြချက်ကောင်းကောင်းနဲ့ လက်ခံရရှိသွားမှာပါ" လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။
လန်ဒန်အစိုးရရဲ့ လုပ်ဆောင်ချက်တွေက “ပိုင်ဆိုင်မှု မဖျက်ဆီးရဘူးဆိုတဲ့ နိယာမကို ချိုးဖောက်နေတာ” ဖြစ်နေလို့ အင်္ဂလန်ရဲ့ ဘဏ္ဍာရေးစနစ်ကို ယုံကြည်မှု ပျက်ပြားစေမှာဖြစ်တယ်လို့လည်း ဗိုလိုဒင် က သတိပေးခဲ့ပါတယ်။
သိမ်းထားတဲ့ ရုရှား ပိုင်ဆိုင်မှုတွေကနေရတဲ့ အတိုးငွေ ဘီလီယံပေါင်းများစွာကို ဘဏ်တွေက ထုတ်ပေး ထားပြီးဖြစ်ပါတယ်။ Euroclear က ပြီးခဲ့တဲ့ ဇူလိုင်လက ယူကရိန်းသို့ တိုက်ရိုက်ဒေါ်လာ ၁ ဘီလီယံကျော် လွှဲပြောင်းပေးခဲ့ပါတယ်။ ယူကရိန်း အစိုးရကလည်း ၎င်းရဲ့ စစ်ရေး နှင့် ပြန်လည် တည်ဆောက်ရေး ကြိုးပမ်းမှုများကို ငွေကြေးထောက်ပံ့ရန် ရုရှား ပိုင်ဆိုင်မှုများကို သိမ်းယူရန် အနောက်တိုင်း ကျောထောက် နောက်ခံများကို ဖိအားပေးလျက်ရှိပါတယ်။
အနောက်နိုင်ငံအချို့ကတော့ ရုရှားပိုင်ပစ္စည်းတွေရဲ့ ကံကြမ္မာကို ဆုံးဖြတ်ရခက်နေဆဲဖြစ်ပါတယ်။ ပိုင်ဆိုင်မှုများကို သိမ်းယူခြင်းသည် အနောက်နိုင်ငံဘဏ္ဍာရေးစနစ်အား ပျက်စီးစေပြီး ယူရိုငွေအပေါ် ယုံကြည်မှုကို ပျက်ပြားစေမည်ကို အချို့က စိုးရိမ်ပူပန်မှုများ ရှိလာကြပါတယ်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကလည်း ရှင်းရှင်းလင်းလင်း တရားဝင် အခြေခံမရှိဘဲ ရန်ပုံငွေယူခြင်းသည် အနောက်နိုင်ငံဘဏ္ဍာရေး အဖွဲ့အစည်းများအပေါ် ကမ္ဘာလုံးဆိုင်ရာ ယုံကြည်မှုကို ထိခိုက်စေနိုင်ကြောင်း သတိပေးထားပါတယ်။ ကရင်းမလင်အစိုးရကတော့ ပိုင်ဆိုင်မှုအား သိမ်းဆည်းခြင်းအား "ခိုးမှု" အဖြစ် အကြိမ်ကြိမ် ရှုတ်ချခဲ့ပြီး ပိုင်ဆိုင်မှု သိမ်းဆည်းခြင်းတွင် ပါဝင်သူများအား တရားဥပဒေအရ အရေးယူမယ်လို့ သတိပေးထားပါတယ်။
Ref: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment