မိုးနဲ၊ မတ် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့တွင် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် မတ် ၁၇ ရက်နေ့နေ့နံနက်ပိုင်းမှစတင်၍ ဖြေဆို လျက်ရှိရာ ယနေ့စတုတ္ထနေ့အဖြစ် ဓာတုဗေဒ/ပထဝီဝင်ဘာသာရပ်ကို လာရောက်ဖြေဆိုကြသည့် ကျောင်းသား/သူများအား စေတနာရှင် ၊အလှူရှင်များကအချိုရည်များလာရောက်တိုက်ကျွေးခဲ့ ကြောင်း သိရသည်။
ထိုသို့ တိုက်ကျွေးရာတွင် မိုးနဲမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး တိုးဝင်းဖေ ၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့်အဖွဲ့ဝင်များ၊မြို့နယ်ပညာရေးမှူး ၊မြို့နယ်အဆင့်ဌာနဆိုင် ရာတာဝန်ရှိသူများကစုပေါင်း၍ ကျောင်သားကျောင်းသူများ စိတ်အပန်းပြေစေရန်အတွက် အချိုရည်များ တိုက်ကျွေးချင်းဖြစ်ကြောင်း သိရသည်။
မိုးနဲမြို့နယ် အထက(မိုးနဲ)စာစစ်ဌာနတွင် စာရင်းရှိ ၈၈ ဦးရှိပြီး လာရောက်ဖြေဆိုသူ ၈၇ ဦးရှိရာ တစ်ဦးပျက်ကွက်ကြောင်း နှင့်ကျောင်းသား၊ကျောင်းသူများ စာမေးပွဲကို စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက်လိုအပ်သော ကျန်းမာရေး ၊လုံခြုံရေး၊မီးဘေး ဆိုင်ရာကိစ္စများကို တာဝန်ရှိသူ များက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)
https://t.me/MyanmarNationalPost
No comments:
Post a Comment