ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

003-01

004

005

006

လွိုင်ကော်၊ မတ် ၁

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အလေးထားဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့၊ ချိကယ်ကျေးရွာ ကန္ဒရဝတီဘုန်းတော်ကြီးကျောင်းနှင့် သီတဂူတက်လမ်းစက္ခုဆေးရုံ သန့်ရှင်းသာယာရေး ဆောင်ရွက်နေမှု၊ ထေးသမရပ်ကွက် လေ့ကျင့်ရေးအလယ်တန်းကျောင်း၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီး ဝန်ထမ်းအိမ်ရာများနှင့် အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချိကယ်ကျေးရွာ ကန္ဒရဝတီဘုန်းတော်ကြီး ကျောင်းဝင်းနှင့် သီတဂူတက်လမ်းစက္ခုဆေးရုံဝင်းအတွင်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျေးရွာနေပြည်သူများက ကုသိုလ်ပြုစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုများ ကြည့်ရှုအားပေးပြီး ထေးသမရပ်ကွက်နှင့် ဒေါဆော်ဘီးကျေးရွာသို့ ရေပေးဝေနိုင်ရေး ရေစက်ရုံပြန်လည်ပြုပြင်ပေးနိုင်ရန် တာဝန်ရှိသူများအား မှာကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်က ကုသိုလ်ပြု သန့်ရှင်းရေး ပါဝင်ဆောင်ရွက်ကြသည့် ထေးသမရပ်ကွက်နှင့် ချိကယ်ကျေးရွာရှိ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားကာ ၎င်းကျေးရွာများမှ ပြည်သူများ စနစ်တကျ ပြန်လည်အခြေချနေထိုင်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် အခြေခံပညာလေ့ကျင့်ရေးအလယ်တန်းကျောင်း(ထေးသမ)သို့ ရောက်ရှိကာ ထိခိုက် ပျက်စီးခဲ့သည့် စာသင်ဆောင်များအား ကြည့်ရှုစစ်ဆေးပြီး လာမည့်ပညာသင်နှစ်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး စာသင်ဆောင်များ ပြုပြင်နိုင်ရန်နှင့် ကျောင်း ဥပဓိရုပ် ကောင်းမွန်ရေး ဆောင်ရွက်ပေးရန် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ကုသရေးဦးစီးဌာနရုံးဝင်းအတွင်း ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး ပြည်နယ်ကုသရေးဦးစီးမှူးရုံးနှင့် ပြည်နယ်ပြည်သူ့ဆေးရုံကြီး (လွိုင်ကော်)ရှိ ဝန်ထမ်းများ ပြန်လည်နေရာချထားရန် ပြုပြင် ဆောင်ရွက်လျက်ရှိသည့် အိမ်ရာများအားကြည့်ရှုစစ်ဆေးပြီး စနစ်တကျ နေရာချထားနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းသို့ ရောက်ရှိကာ လာမည့်ပညာသင်နှစ်တွင် ဖွင့်လှစ်ရန် ပြင်ဆင်ထားရှိသည့် သင်တန်းသား၊ သင်တန်းသူ အိပ်ဆောင်များ၊ စာသင်ဆောင်များ၊ အားကစားခန်းမများ၊ စားရိပ်သာများနှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်ပြီးစီးမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်ပါက သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်း သား၊ သင်တန်းသူများ အသင့်နေထိုင်နိုင်ရေးနှင့် အားကစားလေ့ကျင့် သင်ကြားမှုများ စနစ်တကျ ပြုလုပ်နိုင်ရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ပြည့်စုံစွာဆောင်ရွက်ထားရှိရန် တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages