လှိုင်သာယာ၊ မတ် ၂၅
ယာဥ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရဲတပ်ဖွဲ့မှ ကြီးမှူး၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးခြင်းများ ပြုလုပ်၍ အသိပညာပေးအရှိန်အဟုန်မြင့်တင် နေ့စဥ်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၉) နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။
အဆိုပါပြုလုပ်ဆောင်ရွက်ခြင်းကို တပ်ဖွဲ့စု (၆၈) မှ ရဲအုပ် ဝတ်ရည်ချိုနှင့် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်ရင်း (၈) စစ်ကြောင်း (၁) မှ တပ်ကြပ်ကြီး လှဝင်းကျော်နှင့် တပ်ဖွဲ့ဝင်များသည် ယာဥ်အန္တရာယ်မဖြစ်စေရန်နှင့် ယာဥ်အန္တရာယ်လျော့ကျနိုင်စေရန် မော်တော်ယာဥ်များကို စစ်ဆေးခြင်းများ ပြုလုပ်ကာ ယာဥ်စည်းကမ်း/ လမ်းစည်းကမ်းများ ဆောင်ရန်/ ရှောင်ရန်အသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့်နေ့စဥ် ပြုလုပ်ဆောင်ရွက်ကြပြီး ကုန်တင်ယဥ်များကို အခေါင်မိုးဖွင်မောင်းနှင်စေရန်နှင့် ယာဥ်စည်းကမ်း/ လမ်းစည်းကမ်းဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်သန်း
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment