နေပြည်တော်၊ မတ် ၁၆
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မတ်လ ၁၀ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာ အနီးတွင် မန္တလေးမှ ဘားအံဘက်သို့ ဝေဖြိုးမောင်(ခ)ကိုဖြိုး မောင်းနှင်ပြီး မမာလာကျော် လိုက်ပါလာသည့် DONG FENG ၂၂ ဘီးတွဲယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်၏ရေတိုင်ကီအံဝှက်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ ဒသမ ၃ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိခဲ့သည်။
စိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကြားရှော့(ခ)ကုလား မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ် မှ ကရင်ပြည်နယ်၊ ဘားအံ သို့ သယ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment