ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ပြည်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှု ဖြစ်ခဲ့တဲ့အတွက်ကြောင့် ကျွန်တော်တို့ နိုင်ငံတော်ကို အရေးပေါ်ကြေညာပြီး ခေတ္တတာဝန်ယူထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် မကြာခင်မှာလည်း ဥပဒေနဲ့ အညီ ရွေးကောက်ပွဲကျင်းပသွားဖို့ရှိပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(သို့မဟုတ်)၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အစောဆုံးကျင်းပ သွားဖို့စီစဉ်ထားကြောင်းပြောလိုပါတယ်။ ရွေးကောက်ပွဲ ဝင်ဖို့အတွက်လည်း ပါတီပေါင်း ၅၃ ခုက စာရင်းပေးသွင်းထားပြီးဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပမှုနဲ့ ပတ်သက်ပြီး ဘယ်လာရုစ်နိုင်ငံရဲ့ လေ့လာရေးအဖွဲ့များ ကိုလည်း လာရောက်ကြည့်ရှုနိုင်ဖို့အတွက် ဖိတ်ကြားလိုပါတယ်။ ဒီမှာတစ်ဆက် တည်းမှာဘဲ အဆွေတော်သမ္မကြီးရဲ့ ဘယ်လာရုစ်နိုင်ငံအပေါ်မှာ အစစအရာရာဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးနိုင်မှုများအတွက်လည်း အထူးဘဲဂုဏ်ပြုကြောင်း ပြောလိုပါတယ်။ အဆွေတော်ရဲ့ဦးဆောင်မှုနဲ့ ဘယ်လာရုစ်နိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း နိုင်ငံတစ်ခုဖြစ်မယ်လို့ လည်းကျွန်တော်ယုံကြည်ထားပါတယ်။ အဆွေတော် သမ္မတကြီးကို မြန်မာနိုင်ငံမှာလည်း ထပ်မံတွေ့ဆုံဖို့လည်းကျွန်တော် အပြည့်အဝ မျှော်လင့်ထားပါတယ်။
(မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ နိုင်ငံတော်အဆင့် တွေ့ဆုံ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ ပြောကြားချက်မှ ကောက်နှုတ်ဖော်ပြသည်။)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment