ပဲခူး၊ မတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၇) နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ၁၃၈၆ခုနှစ်၊ တန်ခူးလဆန်း(၁၀)ရက်နေ့မှ တန်ခူးလပြည့်ကျော်(၄)ရက်နေ့အထိ၊ ၂၀၂၅ခုနှစ်၊ဧပြီလ(၇)ရက်နေ့မှ ဧပြီလ(၁၆)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါဗုဒ္ဓပူဇနိယပွဲတော်ကာလ တန်ခူးလပြည့်နေ့၊ ဧပြီလ(၁၂)ရက်နေ့ ညနေပိုင်းအချိန်တွင် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူအများမှ သံဃာအပါး(၅၀၀)အား ဆွမ်းဆန်စိမ်းနှင့်နဝကမ္မလှူဖွယ်ပစ္စည်းများ လောင်းလှူသွားမည်ဖြစ်ပြီး ယမန်နှစ်ပွဲတော်ရက်အတွင်း၌ ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းအစီအစဉ်များ၊ ဒေသထွက်ကုန်များရောင်းချခြင်း၊ ကုန်ပစ္စည်းများအား ဈေးနှုန်းချိုသာစွာရောင်းချခြင်း အစီအစဉ်များနှင့် ပျော်ပွဲရွှင်ပွဲများ၊ ကလေးကစားကွင်းများ၊ ဌာနဆိုင်ရာများ၏ ပညာပေးသရုပ်ပြခန်းများ၊ အခမဲ့မြန်မာ့ရိုးရာဇာတ်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး ယခုနှစ်တွင်မူ ယခင်ထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)
https://t.me/MyanmarNationalPost
No comments:
Post a Comment