ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အဖွဲ့ ဓနုဖြူမြို့နယ်အတွင်းရှိ စာစစ်ဌာနများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အဖွဲ့ ဓနုဖြူမြို့နယ်အတွင်းရှိ စာစစ်ဌာနများအား ကြည့်ရှုစစ်ဆေး

063

064


ဓနုဖြူ၊ မတ် ၁၆

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲ (၁၂)နာရီခွဲအချိန်က ဓနုဖြူမြို့နယ်အတွင်းရှိ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပမည့် စာစစ်ဌာနများသို့ သွားရောက်ကာ ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊  သယံဇာတရေးရာဝန်ကြီးဦးအုန်းမြင့်၊ မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့သည် ဓနုဖြူမြို့နယ်၊ ကျုံတနီးကျေးရွာအုပ်စုရှိ အ.ထ.က(ကျုံတနီး) စာစစ်ဌာနသို့ ရောက်ရှိလာပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ အဖွဲ့ဝင်(၂) ဦးစိန်မောင်ဝင်း အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဝင်း၊ မြို့နယ်ပညာရေးမှူး ဦးလှဌေးတို့နှင့်အတူ စာစစ်ဌာနကြီးကြပ်ရေးမှူး ကျောင်းအုပ်ဆရာကြီး ဦးလင်းလင်းထွန်းနှင့် အဖွဲ့များအား တွေ့ဆုံကာ တက္ကသိုလ်ဝင်စာမေးပွဲအား အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေး၊ လုံခြုံရေးနှင့်ပတ်သက်၍ လိုအပ်သည်များအား ဆောင်ရွက်ထားရှိရန် စာစစ်ဌာနရှိ ဆရာ/ဆရာမများအား လမ်းညွှန်မှာကြားခဲ့ပြီး ပြင်ကသာကျေးရွာအုပ်စုရှိ အ.ထ.က(ပြင်ကသာ) စာစစ်ဌာနသို့ သွားရောက်ကာ စာစစ်ဌာနရှိ ဆရာ/ဆရာမများနှင့် တွေ့ဆုံခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်ပြီး ဝန်ကြီးနှင့်အဖွဲ့သည် ဓနုဖြူမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဝေဇယန္တာလမ်းရှိ အ.ထ.က(၁)ဓနုဖြူ စာစစ်ဌာနသို့ ရောက်ရှိပြီး စာစစ်ဌာနကြီးကြပ်ရေးမှူး ကျောင်းအုပ်ဆရာကြီး ဦးနိုင်မင်းအေးနှင့်အဖွဲ့အား တွေ့ဆိုကာ ကျောင်းသား/ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးနှင့် စာစစ်ဌာနတွင် လုံခြုံရေးကို အထူးအလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် ရေလဲကျေးရွာအုပ်စုရှိ အ.ထ.က(ရေလဲ) စာစစ်ဌာနရှိ ကြီးကြပ်ရေးမှူး ကျောင်းအုပ်ဆရာကြီး ဦးမြင့်အေးနှင့် အဖွဲ့အားတွေ့ဆုံကာ စာမေးပွဲဖြေဆိုရာတွင် အတွင်းစည်း/ အပြင်စည်းလုံခြုံရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးတို့အား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ အထူးအလေးထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့​ကြောင်း သိရသည်။


အောင်ပြည့်ဖြိုးဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages