ပဲခူး၊ မတ် ၁၈
ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာ၊ ဒေးစွန်ပါဘုရားမုခ်ဦးဝင်ပေါက်အနီး ရန်ကုန်-မန္တလေးကားလမ်းမတွင် မတ်လ(၁၈)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်ခန်းက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းပါ ၂ဦး သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်မြို့ဘက်မှ ယာဉ်မောင်းအောင်ကိုမင်း မောင်းနှင်လာသည့် 5S /5744 နောက်တွဲဆီဘောက်ဆာယာဉ်သည် ရန်ကုန်-မန္တလေးကားလမ်းဟောင်းအတိုင်း ဒိုက်ဦးမြို့ဘက်သို့မောင်းနှင်လာစဉ် ဝမ်းဘဲအင်းကျေးရွာ ဒေးစွန်ပါဘုရားမုဒ်ဦးဝင်ပေါက်အနီးအရောက် လားရာတူရှေ့မှ မောင်းနှင်လာသည့် 8E 1076 လိုက်ထရပ်ယာဉ်မှ ယာဉ်ကြောမရှင်းဘဲ လမ်း၏ ဝဲဘက်ရှိ ဒေးစွန်းပါဘုရားလမ်းအတွင်း ချိုးကွေ့ဝင်ရောက်စဉ် နောက်မှ အရှိန်ဖြင့်မောင်းနှင်လာသည့် ဆီဘောက်ဆာယာဉ်နှင့် လမ်းအလည်တွင် ဝင်ရောက်တိုက်မိခြင်းဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် လမ်းအတွင်းချိုးကွေ့ဝင်ရောက်သည့် လိုက်ထရပ်ယာဉ်သည် ဆီဘောက်ဆာယာဉ်၏ အောက်တွင်ပိလျှက်ရှိကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်ပေါ် ခေါင်းခန်းတွင် ယာဉ်မောင်းအပါ ကျား(၂)ဦး၊ နောက်ခန်းတွင်မ (၇)ဦး လိုက်ပါခဲ့ရာ မ(၇)ဦးအနက်မှ ဒေါ်တင်တင်ခိုင် (စိုးရိမ်ရ)အား ရန်ကုန်သို့ လွှဲပြောင်းကုသလျှက်ရှိပြီး ကျန် မ(၆)ဦးမှာ မစိုးရဒဏ်ရာများရရှိခဲ့သည်။ လိုက်ထရပ်ယာဉ်မောင်းပါ ခေါင်းခန်းထဲမှ ကျား(၂)ဦးမှာ သေဆုံးသွားခဲ့ကြောင်းသိရှိရသဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment