လပွတ္တာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် လူရည်ချွန်ရရှိသည့် ကျောင်းသား၊ ကျောင်းသူလေးများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

လပွတ္တာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် လူရည်ချွန်ရရှိသည့် ကျောင်းသား၊ ကျောင်းသူလေးများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

055


လပွတ္တာ၊ မတ်  ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် လူရည်ချွန်ရရှိသည့် ကျောင်းသား၊ ကျောင်းသူလေးများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက ဂုဏ်ပြု အဖွင့်အမှာစကားပြောကြားခြင်း၊ လပွတ္တာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရက ဂုဏ်ပြုချီးမြှင့်စကားပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူး ဦးကျော်ဝင်းက လူရည်ချွန်ရရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မြို့မိမြို့ဖဦးဝင်းမောင်က လူရည်ချွန်ရရှိသည့် ကျောင်းသား၊ ကျောင်းသူလေးများအား ဂုဏ်ပြုချီးမြှင့်စကားပြောကြားပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် လူရည်ချွန်ရရှိသည့် ကျောင်းသား၊ ကျောင်းသူ (၃)ဦးအား ဆုတံဆိပ်များ ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး လူရည်ချွန်ဆုရရှိသည့် Grade-9 ကျောင်းသူမရွှေပြည့်ပြည့်မှ ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


ဟိန်းထက်လင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages