ကျွန်းလှမြို့နယ်၌ ယခုနှစ် ဆောင်းရာသီစိုက်ပျိုးသော ကုလားပဲ ၂၄၁ ဧက ရိတ်သိမ်းပြီးစီး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကျွန်းလှမြို့နယ်၌ ယခုနှစ် ဆောင်းရာသီစိုက်ပျိုးသော ကုလားပဲ ၂၄၁ ဧက ရိတ်သိမ်းပြီးစီး

 

010




ကျွန်းလှ , မတ် ၁၂


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးအပြင် ပဲမျိုးစုံသီးနှံ စိုက်ပျိုးကြရာ ယခုနှစ် ဆောင်းရာသီစိုက်ပျိုးသော ကုလားပဲ ၂၄၁ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


“ကျွန်းလှမြို့နယ်မှာ ဒီနှစ် ဆောင်းရာသီ ကုလားပဲစိုက်ပျိုးဖို့ ၂၃၉ ဧက လျာထားပြီး ၂၄၁ ဧကစိုက်ပျိုးနိုင်ခဲ့ပါတယ်။ စိုက်ပျိုးရာမှာ လယ်ရိတ်သိမ်းပြီး သီးထပ်အဖြစ် အများဆုံ စိုက်ပျိုးကြပါတယ်။ အခုအခါ စိုက်ဧက အားလုံးရိတ်သိမ်းပြီး တစ်ဧက ၂၂ ဒသမ ၇၆ တင်းထွက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။


အဆိုပါ ကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အထွက်နှုန်းကောင်း မျိုးများစိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများ ကွင်းဆင်းအသိပညာပေးခဲ့ကြောင်း သိရသည်။


ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းရာသီ၌ မတ်ပဲ၊ ထောပတ်ပဲ၊ ကုလားပဲ၊ စားတော်ပဲ၊ စွန်တာပြာသီးနှံများ စိုက်ပျိုးကြ‌ကြောင်း၊ တောင်သူများ ဝင်ငွေရရှိပြီး ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်လမ်းရရှိကြကြောင်း သိရသည်။


မျိုးဝင်းညို(ကျွန်းလှ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages