မြန်မာပိုက်ကျော်ခြင်းအသင်း ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ၂၀၂၅ သို့ ဝင်ရောက်ယှဉ်ပြိုင်မည် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မြန်မာပိုက်ကျော်ခြင်းအသင်း ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ၂၀၂၅ သို့ ဝင်ရောက်ယှဉ်ပြိုင်မည်

020

နေပြည်တော်၊ မတ် ၁၃

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ၂၀၂၅ ခုနှစ် မတ် ၂၀ ရက်မှ ၂၅ ရက်အထိ အိန္ဒိယနိုင်ငံ ပတ္တနားမြို့၌ ကျင်းပမည့် Bihar အပြည်ပြည်ဆိုင်ရာ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ၂၀၂၅ သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့ကို ၁၁-၃-၂၀၂၄ ရက်နေ့က နေပြည်တော်ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားစေရေးအတွက် အဘက်ဘက်မှ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် အစွမ်းကုန်ကြိုးစားပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ရာတွင် စည်းကမ်းတကျ သွားလာနေထိုင်ကြရန်လိုကြောင်း၊ မိမိအားကစားသမားများ၏ အားသာချက်/အားနည်းချက်များကို ပြန်လည်သုံးသပ်နိုင်ရေးအတွက် ပြိုင်ပွဲအနိုင်အရှုံးရလဒ်များကို မှတ်တမ်းများ စနစ်တကျပြုစုထားရှိပြီး အချိန်နှင့်တစ်ပြေးညီ တာဝန်ရှိသူများထံ သတင်းပို့တင်ပြသွားရန်လိုကြောင်း၊ ထိခိုက်ဒဏ်ရာမရရှိစေရေးအတွက် အထူးဂရုစိုက်ကြရန်လိုကြောင်း၊ မြန်မာလူမျိုးတို့၏ အစွမ်းအစကိုပြသ၍ မလျော့သော ဇွဲ၊ စိတ်ဓာတ်ဖြင့် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ခဲ့ကြရန် တိုက်တွန်းပြောကြားပြီး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြလေးဦး၊ ဒိုင်တစ်ဦး၊ (အမျိုးသား/အမျိုးသမီး) အားကစားသမား ၁၂ ဦး စုစုပေါင်း ၁၇ ဦးတို့သည် (အမျိုးသား/အမျိုးသမီး)နှစ်ယောက်တွဲပြိုင်ပွဲနှင့် လေးယောက်တွဲပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages