မိုးညိုမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာ‌ရေးစောင့်ရှောက်မှု (အခမဲ့) ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

မိုးညိုမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာ‌ရေးစောင့်ရှောက်မှု (အခမဲ့) ဆောင်ရွက်

13


မိုးညို , မတ် ၂၂


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးက ကျန်းမာရေးအတွက် လာရောက်ပြသသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဆီးချိုသွေးချို၊ သွေးတိုး၊ ဝမ်းပျက်ဝမ်း‌လျှောရောဂါများနှင့် အစားအစာစားသောက်မှုပုံစံများ၊ ကျန်းမာရေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ရှင်းလင်း‌ပြောကြားပြီး ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၅၅) ဦးအား သွေးပေါင်ချိန်‌ပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်းနှင့် လိုအပ်သောကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး ဆေးဝါးနှင့်ကုသခြင်းများကို (အခမဲ့) ဆောင်ရွက်ပေးခဲ့သည်။


အဆိုပါဆောင်ရွက်ပေးမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်လွင်နှင့် အဖွဲ့ဝင်များက ကြည့်ရှု့အားပေးခဲ့ပြီး အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရေးအသင်းဝင်များက အငြိမ်းစားဝန်ထမ်းများအား အားဖြည့်အချိုရည်များ ဝေငှ‌ပေး၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကိုမင်း 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages