ရပ်စောက်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် စာစစ်ဌာနများသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရပ်စောက်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် စာစစ်ဌာနများသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုစစ်ဆေး

 

1

ရပ်စောက် , မတ် ၁၈


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် စာစစ်ဌာနများသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ်နိုင်ဇော်ဦးနှင့် တပ်နယ်မှအရာရှိများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင့်လွင်တို့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်(၉)နာရီက အဆိုပါစာစစ်ဌာနများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ စစ်ဆေးရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဗထူးတပ်နယ်မှူးတို့သည် အ-ထ-က(၂)၊ အ-ထ-က(၁)ဗထူး၊ အ-ထ-က(၁)ရပ်စောက်၊ အ-ထ-က(ပင်ဖြစ်)၊ အ-ထ-က(ကောင်းဘို့)စာစစ်ဌာနများသို့ သွားရောက်၍ မြန်မာစာဘာသာရပ် စာမေးပွဲဖြေဆိုနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကြီးကြပ်ရေးမှူးများ၊ တာဝန်ရှိဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။


ရပ်စောက်မြို့နယ်တွင် အင်တောမြို့နယ်ခွဲအပါအဝင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန(၆)ခုရှိပြီး ဖြေဆိုရန်စာရင်းရှိ ကျား(၂၈၅)၊ မ(၅၃၃)၊ စုစုပေါင်း(၈၁၈)ဦးဖြစ်ပြီး ယနေ့ မတ်လ ၁၇ ရက် မြန်မာစာဘာသာရပ်ကို လာရောက်ဖြေဆိုသူ ကျား (၂၇၀)၊ မ (၅၁၇) စုစုပေါင်း (၇၈၇) ဦး လာရောက်ဖြေဆိုကြောင်းနှင့် ပျက်ကွက် (၃၁) ဦးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages