နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တာချီလိတ်မြို့အထိမ်းအမှတ် နာရီစင်နှင့် လွယ်တော်ခမ်း သံဘေလီတံတားဖွင့်လှစ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တာချီလိတ်မြို့အထိမ်းအမှတ် နာရီစင်နှင့် လွယ်တော်ခမ်း သံဘေလီတံတားဖွင့်လှစ်

009

010

011

012


တာချီလိတ်၊ မတ် ၂၇

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့အထိမ်းအမှတ် နာရီစင်နှင့် လွယ်တော်ခမ်း သံဘေလီတံတားဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁) အဝိုင်းပတ်နှင့် လွယ်တော်ခမ်းကျေးရွာတို့တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်က အဖွင့်ဂုဏ်ပြုအမှာစကားပြောကြားပြီး မြို့မိမြို့ဖ ဦးထွန်းနေဦးနှင့် တာဝန်ရှိသူများက နာရီစင်ဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီလှူဒါန်းကြသူများအား နာရီစင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်တံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။ ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက နာရီစင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး နာရီစင်တည်ဆောက်ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

တာချီလိတ်မြို့အထိမ်းအမှတ် နာရီစင်ကို IBOSS ကုမ္မဏီမှ လှူဒါန်းငွေကျပ် သိန်း ၂၆၀၀ ကျပ်၊ မြို့မိမြို့ဖအလှူရှင်များ၏ လှူဒါန်းငွေ ထိုင်းဘတ်ငွေ ၁၄ သိန်း၊ စုစုပေါင်း ထိုင်းဘတ်ငွေ ၃၄ သိန်းဖြင့် အဝိုင်းအချင်း ၅၀ ပေ ပတ်လည်၊ နာရီစင်အတိုင်းအတာ ၁၅ ပေ ပတ်လည်၊ အမြင့် ၅၀ ပေရှိ နာရီစင်အား မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို အခြေခံ၍ မြို့နယ်စည်ပင်သာယာရေးဌာန ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့မှ စတင်ကာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး နှစ်(၈၀)ပြည့်တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အလားတူ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်စိုးနှင့် တာဝန်ရှိသူများက လွယ်တော်ခမ်းကျေးရွာအုပ်စု၊ လွယ်တော်ခမ်းသံဘေလီတံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး တံတားအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ သံဘေလီတံတားကို လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများက ထိုင်းဘတ်ငွေ သိန်း ၃၀ ထည့်ဝင်လှူဒါန်းကာ အရှည် ၈၀ ပေ၊ အကျယ် ၁၆ ပေကို ကျေးလက်လမ်းဦးစီးဌာနနှင့် ဒေသခံအလှူရှင် ဦးရန်မျိုးအောင်တို့ ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့မှ လုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး နှစ်(၈၀)ပြည့်တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


ကျော်ဇေယျာလင်း 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages