ရပ်စောက်၊ မတ် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် (၃၉) ကြိမ်မြောက် စူဠာမြတ်မုနိကုသိုလ်တော် ဘုရားကြီးနှင့် မြို့မဓါတ်ပေါင်းစုစေတီတော်များ ဗုဒ္ဓပူဇနိယပွဲတော်နှင့် စေတီ (၉) ဆူ ရေဆေးအဖြူ၊ ရွှေရောင်ရေဆေးဆက်ကပ်လှူဒါန်းခြင်း ရေစက်ချတရားတော်နာယူခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က မြို့ကုန်းရပ်ကွက်ရှိ စူဠာမြတ်မုနိကုသိုလ်တော်ဘုရားကြီး အရှေ့ဘက်အာရုံခံတန်ဆောင်း ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး ရပ်စောက်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မြို့မဘုရားကြီးကျောင်းတိုက်ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ထို့နောက် စူဌာမြတ်မုနိကုသိုလ်တော်ဘုရားကြီးနှင့် မြို့မဓါတ်ပေါင်းစု စေတီတော်များ ဂေါပကအဖွဲ့ဥက္ကဋ္ဌမှ စေတီ (၉) ဆူ ရေဆေးအဖြူ၊ ရွှေရောင်ရေဆေးဆက်ကပ်လှူခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံလှူဒါန်းမှုအကျဉ်းအား တင်ပြလျှောက်ထားပြီးနောက် တာဝန်ရှိသူများက လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းခဲသည်။ ဆက်လက်၍ မြို့နယ်သံဃနာယအဖွဲ့ဥက္ကဋ္ဌ မြို့မဘုရားကြီးကျောင်းတိုက်ဆရာတော်ဘုရားထံမှ အနုမောဒနာတရား ကြားနာ၍ ရေစက်သွန်ချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းခဲ့ပြီး သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆပ်ကပ်လှူဒါန်း ကြသည်။
အဆိုပါအခမ်းအနားသို့ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦးနှင့် တပ်နယ်မှ အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များ တက်ရောက်ကြကြောင်း သိရသည်။
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment