ကျောက်ဆည် , မတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဆန်စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ချည်မျှင်ရှည်ဝါ၊ ပဲမျိုးစုံ၊ ငရုပ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကွမ်း၊ ငှက်ပျော၊ သရက်၊ရှောက်၊ သံပရာ စသည့် သီးနှံမျိုးစုံစိုက်ပျိုးကြပြီး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကြက်သွန်နီ(၉၀၅၀)ဧက စိုက်ပျိုးခဲ့ပြီး(၁၈၀၀၀၀)ပိဿာထွက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ကြက်သွန်နီစိုက်ပျိုးတောင်သူများအနေဖြင့် ဥအဝိုင်း(ရွှေဖလား) ဒေသအခေါ် မြစ်သားကြက်သွန်နီမျိုးများ အဓိကထားပြီး စိုက်ပျိုးကြကြောင်းနှင့် ထိပ်မောက်(မြင်းခြံ)မျိုးများလည်း စိုက်ပျိုးကြကြောင်း ကြက်သွန်နီများကို သတင်းကျွတ်လဆန်းပိုင်းတွင် မျိုးစေ့များစတင်ပျိုးထောင်၍ ပျိုးပင်သက်တမ်း ရက်ပေါင်း(၄၀)အရွယ်တွင် ပြောင်းရွေ့စိုက်ပျိုးကြကြောင်း၊ ကြက်သွန်တစ်ဧက ပျမ်းမျှ(၂၄၀၀)ပိဿာထွက်ရှိကြောင်း၊ ထိပ်မောက်(မြင်းခြံ)ကြက်သွန်မျိုးသည် တစ်ဧကပျမ်းမျှ(၃၀၀၀)ပိဿာထွက်ရှိကြောင်း ကြက်သွန်နီစိုက်ပျိုးသူများထံမှ သိရသည်။
သက်မောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment