မော်လမြိုင်ကျွန်းမြို့နယ်တွင် ကမ်းပြိုဘေးသင့်ပြည်သူများအား ပံ့ပိုးပစ္စည်းများပေးအပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မော်လမြိုင်ကျွန်းမြို့နယ်တွင် ကမ်းပြိုဘေးသင့်ပြည်သူများအား ပံ့ပိုးပစ္စည်းများပေးအပ်

068

069

မော်လမြိုင်ကျွန်း၊ မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ စော်ကဲချောင်းကျေးရွာအုပ်စု၊ စော်ကဲချောင်းကျေးရွာတွင် မတ်လ ၆  ရက်နေ့က ကမ်းပြိုမှုကြောင့် နေအိမ်များပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီးကမ်းပြိုဘေးသင့်ပြည်သူများအတွက် ပံ့ပိုးပစ္စည်းများကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ အဖွဲ့ဝင်(၁)နှင့် တာဝန်ရှိသူများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့နယ်၊ စော်ကဲချောင်းကျေးရွာအုပ်စု၊ စော်ကဲချောင်းကျေးရွာမှ ပြိုကျပျက်စီးနေအိမ်(၃)လုံး  အိမ်ထောင်စု(၃)စုမှ ကမ်းပြိုဘေးသင့်လူဦးရေ(၉)ဦးအတွက် ပံ့ပိုးပစ္စည်းများဖြစ်သည့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ကျပ်(၃၂၃၀၃၄)တန်ဖိုးရှိ ပုံး(၃)ခု၊ ဆန်ရိက္ခာ(၇)ရက်စာ(၁၈၉၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၄၀၀၀၀၀) စုစုပေါင်းပံ့ပိုးရန်ပုံငွေကျပ်(၄၁၈၉၀၀)တိတိကို မော်လမြိုင်ကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းလွင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဇာဇာလင်းနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးတို့နှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများထံသို့  လက်ဝယ်အရောက်ပံ့ပိုးငွေများ ပေးအပ်ခဲ့ကြကြောင်းသိရသည်။


ရဲကိုမောင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages