မိုးညှင်းတက္ကသိုလ်၌ (၂၄)ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံ စာတမ်းဖတ်ပွဲတွင် အကောင်းဆုံးပထမဆုရရှိသူနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်းမှစာမူရှင်များအား ဂုဏ်ပြုပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

မိုးညှင်းတက္ကသိုလ်၌ (၂၄)ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံ စာတမ်းဖတ်ပွဲတွင် အကောင်းဆုံးပထမဆုရရှိသူနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်းမှစာမူရှင်များအား ဂုဏ်ပြုပွဲကျင်းပ

115


မိုးညှင်း၊ မတ် ၂၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ပညာရေးဝန်ကြီးဌာနမှကျင်းပသည့်(၂၄)ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံ စာတမ်းဖတ်ပွဲတွင်အကောင်းဆုံး ပထမဆုရရှိသူနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်းမှစာမူရှင်များဂုဏ်ပြုပွဲကို ယမန်နေ့ နံနက် (၁၀) နာရီခွဲက တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာတက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်က ပညာရေးဝန်ကြီးဌာနမှကျင်းပခဲ့သည့် (၂၄)ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံစာတမ်းဖတ်ပွဲတွင်အကောင်းဆုံး ပထမဆုရရှိသူနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်းမှ စာမူရှင်များအတွက် ဂုဏ်ပြုအမှာစကားပြောကြားပြီး ပညာရေးဝန်ကြီးဌာနမှကျင်းပသော (၂၄)ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံ စာတမ်းဖတ်ပွဲတွင် “အင်းတော်ကြီးကန်တွင်ပေါက်ရောက်နေသော အချို့ကောက်နှံအရိုင်းအပင်များ၏ ဆင့်ကဲဖြစ်စဉ်ဆက်စပ်မှု”ခေါင်စဉ်ဖြင့် အကောင်းဆုံး ပထမဆုရရှိခဲ့သော ရုက္ခဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး)ဒေါက်တာလွင်မာဆိုင်က ကျေးဇူးတင်စကားနှင့် ဆုရရှိခဲ့မှုအခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်းတွင် ကဗျာ၊ ကာတွန်း၊ ဆောင်းပါး၊ ဝတ္ထုနှင့် ဟာသများ ရေးသားခဲ့ကြသော စာမူရှင်(၄၄)ဦးအား တက္ကသိုလ်ခေတ္တပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် စာမူရှင်များကိုယ်စား စာမူရှင်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။


ရွှေမိုးညှင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages