ပင်လုံ , မတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲလာရောက်ဖြေဆိုခဲ့ကြသည့် ကျောင်းသား/ကျောင်းသူလေးများ ယာဥ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များက နေ့စဥ်ဆောင်ရွက်ပေးခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲလာရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ ကျောင်းကြို/ကျောင်းပို့ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ လမ်းသွား/လမ်းလာမော်တော်ယာဉ်များ စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း ယာဉ်လမ်းကြောပိတ်ဆို့မှုမဖြစ်ပွားစေရေး၊ ယာဉ်လမ်းအန္တရာယ်ကင်းဝေးစေရေးနှင့် ယာဉ်တိုက်မှုမဖြစ်ပွားစေရေးတို့ကို စာမေးပွဲကာလအတွင်း နေ့စဥ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment