ပေါင်မြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ် အေးချမ်းစွာဖြေဆို - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပေါင်မြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ် အေးချမ်းစွာဖြေဆို

006

007

008

009

ပေါင်၊ မတ် ၁၉

၂၀၂၄-၂၀၂၅  ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို မတ်လ (၁၉) ရက်‌နေ့တွင် မြန်မာနိုင်ငံတစ်ဝန်း၌  သင်္ချာဘာသာရပ်  တတိယနေ့  ကို တစ်ပြိုက်နက်တည်း  ဖြေဆိုလျက်ရှိရာ ပေါင်မြို့နယ်တွင် လာရောက်ဖြေဆိုသူ (  ၉၄.၀၄ )ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပေါင်မြို့နယ်တွင် (အထက)ပေါင် ၊(အထက)ဇင်းကျိုက်၊ (အထက) မုတ္တမ  စာစစ်ဌာန (၃)ခု၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ  သင်္ချာဘာသာရပ်   ဖြေဆိုခွင့်ရှိသူ ( ၆၈၈ )ဦးရှိသည့်အနက် ကျောင်းသား၊ကျောင်းသူ( ၆၄၇  )ဦး လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါစာစစ်ဌာနများတွင် ကျောင်းသား၊ကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ပြီး အအေးဘူးများလည်းပေးဝေသွားမည်ဖြစ်ကြောင်းသိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages