အ.မ.က(၃)ပန်းဘဲတန်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

အ.မ.က(၃)ပန်းဘဲတန်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

 

205

ပန်းဘဲတန်း၊ မတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် အမှတ် (၃)အခြေခံပညာ မူလတန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေး ဟောပြောပွဲအခမ်းအနားတွင် ပန်းဘဲတန်းမြို့နယ်ပညာရေးမှူးမှ ဦးအောင်ကျော်သူ (ဒုတိယဦးစီးမှူး-ကာယ)က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာကျော်က ကလေးအလုပ်သမား အဓိပ္ပာယ်၊ အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမားခိုင်းစေမှုအကြောင်း၊ ကလေးအလုပ်သမားများအတွက် အကာအကွယ်ပေးထားသည့် ဥပဒေများအကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ပြောကြားခဲ့ပြီးနောက် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ကို ပြသပေးခဲ့ကြောင်း သိရသည်။

ထို့နောက်ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ဆက်လက်ကျင်းပပေးခဲ့ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူ (၄၉)ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။


ဥမ္မာကျော်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages