ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မျက်စိကျန်းမာရေး စောင့်ရှောက်မှုနှင့် မျက်စိခွဲစိတ်ကုသမှု ဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မျက်စိကျန်းမာရေး စောင့်ရှောက်မှုနှင့် မျက်စိခွဲစိတ်ကုသမှု ဆောင်ရွက်ပေးလျက်ရှိ

061

062

063

064

068

069

075

076

077

ပဲခူး၊ မတ် ၁၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မတ်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၊ အောင်သုခ ဆေးကုသဆောင်၌ မျက်စိခွဲစိတ်ကုသမှုပြီးစီးသည့် လူနာများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောင်သုခဆေးကုသဆောင်သို့ ရောက်ရှိခဲ့ပြီး မျက်စိခွဲစိတ်ကုသမှု ပြီးစီးခဲ့သည့် လူနာများနှင့်တွေ့ဆုံ၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မျက်စိကျန်းမာရေးစောင့်ရှောက်မှုနှင့် မျက်စိခွဲစိတ် ကုသမှုခံယူထားသည့် ပြည်သူများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မျက်စိခွဲစိတ်ကုသမှုခံယူပြီးသူများအား မျက်စိကျန်းမာရေးမျက်မှန်များ တပ်ဆင်ပေးခဲ့ပြီး အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ပြီး မျက်စိခွဲစိတ်ကုသပေးခဲ့သည့် မျက်စိဆရာဝန်ကြီးများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

 ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုလမ်းညွှန်မှုဖြင့် ကုသရေး ဦးစီးဌာန၏ ရည်မှန်းချက်များဖြစ်သော “ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ လွှမ်းခြုံမှု တိုးတက်ရေး၊ ပြည်သူ့ဆေးရုံများ၏ ကုသမှု အရည်အသွေးမြင့်မားရေး” ဟူသော ရည်မှန်းချက်များအား အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပဲခူးခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်းရှိ မျက်စိကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သော လူနာများနှင့် မျက်စိခွဲစိတ်ကုသမှု လိုအပ်သော လူနာများအတွက် ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် လွန်ခဲ့သော(၂)ပတ်ခန့်မှစ၍ လူနာ(၈၅၀)ဦးအား စမ်းသပ်ပေးခဲ့ပြီး ခွဲစိတ်ရန်လိုအပ်သည့် လူနာ(၂၅၀)ဦးအတွက် ပဲခူးမြို့မှ မျက်စိဆရာဝန်ကြီး(၂)ဦး၊ တောင်ငူမြို့မှ မျက်စိဆရာဝန်ကြီး(၁)ဦး၊ ပြည်မြို့မှ မျက်စိအထူးကုဆရာဝန်(၁)ဦး တို့ဖြင့် မတ်လ(၁၇)ရက်နေ့မှစ၍ တစ်ရက်လျှင် လူနာ(၅၀)ဦးအား ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages