နေပြည်တော်၊ မတ် ၁၀
အကောက်ခွန်ဦးစီးဌာနမှ အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၅ ရက်နေ့ ၀၈၀၀ အချိန် အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာအနီးတွင် ထွန်းထွန်းဇော်(ခ)ထူးငယ် မောင်းနှင်ပြီး မင်းဆန်းမြင့်ထွန်း(ခ)ကိုမင်း လိုက်ပါလာသည့် NISSAN DIESEL အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သယ်ဆောင်လာသော ဆိုင်ကယ်များအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၃.၉၉ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉၉၇.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ထွန်းထွန်းဇော်(ခ)ထူးငယ်(၅၆)နှစ် နှင့် မင်းဆန်းမြင့်ထွန်း(ခ)ကိုမင်း(၃၇)နှစ်တို့အား အမရပူရမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment