စဉ့်ကိုင်၊ မတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဘာသာရပ်အလိုက် သင်ကြားကြရမည့် ဆရာ/ဆရာမများ၏ အရည်အသွေး ပိုမိုမြင့်မားလာစေရန်၊ အခြေခံပညာ မူလတန်းအဆင့် ဆရာ/ဆရာမများ ဘာသာရပ်အလိုက် သင်ကြားသင်ယူမှု ပိုမိုထိရောက်အောင်မြင်လာစေရန်၊ အခြေခံပညာအလယ်တန်းအဆင့် ဆရာဆရာမများ ဘာသာရပ်အလိုက် သင်ကြားသင်ယူမှု ပိုမိုကျွမ်းကျင်မှုရရှိစေရန် စသည့်တို့ကို ရည်ရွယ်၍ အခြေခံပညာ မူလတန်းနှင့်အလယ်တန်း (မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ/သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(စဉ့်ကိုင်)၌ ဖွင့်လှစ်ပို့ချ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းနည်းပြ ဆရာမတစ်ဦးက အခြေခံပညာအလယ်တန်းနှင့် မူလတန်းဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ/သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြ ဆရာ/ဆရာမများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် သင်တန်းသား ဆရာ/ဆရာမ (၆၁၂)ဦး၊ အလယ်တန်းအဆင့် သင်တန်းသား ဆရာ/ဆရာမ (၂၄၁)တို့ဖြင့် ဘာသာရပ်အလိုက် သင်ခန်းစာများအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲ/သင်တန်းကို မတ်လ ၂၄ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့အထိ နေ့စဥ် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment