တာမွေ၊ မတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ကြက်ခြေနီအသင်းခွဲ အမှုဆောင်အဖွဲ့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် တာမွေမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးအောင်မျိုးဦးက အဖွင့်အမှာစကားပြောကြား ခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်ကြက်ခြေနီအသင်းခွဲမှ အမှုဆောင်အဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် များနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် သင်္ဃန်းကျွန်းခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီတို၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲအနေဖြင့် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြို့နယ်အတွင်းနှင့် မြို့နယ်ပြင်ပတို့တွင် ဆောင်ရွက်ပေးလျက်ရှိသည့် လူနာတင်ယာဉ်ဝန်ဆောင်မှုလုပ်ငန်းများ၊ သဘာဝဘေအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ စသည်ဖြင့် လူမှုဂရုဏာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အားနည်းချက်များနှင့် အားသာချက်များ၊ အသင်းအနေဖြင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြ ခဲ့ကြရာ တင်ပြချက်များအပေါ် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးအောင်မျိုးဦးက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အစည်းအဝေးသို့ တာမွေမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ လူမှုကူညီရေး အသင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment