မကွေး၊ မတ် ၂၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် မကွေးမြို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီးအဆင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော(နေရာဒေသ) ကျေးရွာဆုစိစစ်ရွေးချယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးမှ အဖွင့်အမှာစကားပြောကြားပြီးနောက် မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မိုးက ၂၀၂၄၂၀၂၅ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး အဆင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော(နေရာဒေသ) ကျေးရွာဆုဝင်ရောက်ယှဉ်ပြိုင်မည့် ကျေးရွာ(၈)ရွာအား အပြီးသတ်ဆုစိစစ်ရွေးချယ်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည့် ကျေးရွာ(၈)ရွာနှင့်ပတ်သက်သောအခြေအနေများအား ရှင်းလင်းတင်ပြပြီးနောက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်ကြောင်း ဂုဏ်ပြုဆုရွေးချယ်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်ဌာနများမှ ဆုရရှိသည့်ကျေးရွာအား ရွေးချယ်နိုင်ရေးအတွက် အကြံပြုဆွေးနွေးခြင်းများပြုလုပ်၍ ဆုကျေးရွာအား စိစစ်ရွေးချယ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော(နေရာဒေသ) ကျေးရွာဆုရရှိသည့် ကျေးရွာအမည်စာရင်းအား ကြေညာပြီးနောက် မကွေးတိုင်းဒေသကြီးတိုင်းအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာအခမ်းအနားသို့ ဂုဏ်ပြုဆုရွေးချယ်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်ဌာနများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှအရာထမ်းများ တက်ရောက်ကြောင်းသိရသည်။
ဝင်းအိမွန်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment