နေပြည်တော်၊ မတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲရေးပြုလုပ်ရန် လက်လုပ်မိုင်း သယ်ဆောင်လာစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အကြမ်းဖက်သူ အမျိုးသား ၁ ဦးအား ထိခိုက်ဒဏ်ရာများ ဖြင့် ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက်နေ သန်းထိုက်(၅၂)နှစ် သည် အကြမ်းဖက်ဖောက်ခွဲမှုပြုလုပ်ရန် ဘေးတွဲဆိုင်ကယ်ဖြင့် လက်လုပ်မိုင်းများအား တင်ဆောင် မောင်းနှင်လာစဉ် ကြာနီကန်ရပ်ကွက်၊ တည်ကုန်းရွာသစ်လမ်းပေါ်အရောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သန်းထိုက်တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာအနီးမှ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံးအား တွေ့ရှိရသဖြင့် ဒဏ်ရာရရှိသူ တရားခံ သန်းထိုက် အား ဆေးကုသနိုင်ရေး ရွှေတောင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်ဖောက်ခွဲရေးပြုလုပ်ရန် လက်လုပ်မိုင်းသယ်ဆောင်သူ တရားခံ သန်းထိုက်အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment