မင်္ဂလာတောင်ညွန့် , မတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာတောင်ညွန့် ရပ်ကွက်၊ စက်ရုံလမ်း၊အရှင်အာဒိစ္စဝံသဘုန်းကြီးကျောင်းတိုက် ဝင်းအတွင်း/အပြင် သန့်ရှင်းသာယာလှပရေးအတွက် စနေနေ့(အထူး)သန့်ရှင်းရေးကို ယမန်နေ့နံနက် ၆ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ဘုရားစေတီနှင့် ရုပ်ပွားတော်များအားရေဆေးသန့်စင်ခြင်း၊ ဘုန်းကြီးကျောင်းဝင်း အတွင်း/အပြင် အမှိုက်များရှင်းလင်းခြင်း၊ အမိုးပေါ်မှသစ်ရွက်ကြွေများရှင်းလင်းခြင်း၊ (၁၅၀'×၂'×၁')ခန့်ရှိ ရေမြောင်းထဲမှ အမှိုက်များ၊ နုန်းများ ဆယ်ယူရှင်းလင်းခြင်း၊ ရေမြောင်းဘောင်ပေါ်မှအပင်များ၊ မြက်များရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းတို့အား ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဆောင်ရွက်ရာသို့ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးဝင်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)ဦးမြသိန်းထွန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် တွဲဖက်ဌာနများ စုစုပေါင်းအင်အား(၇၀)ဦးတို့ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment