ပွင့်ဖြူမြို့နယ်၌ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို အများပြည်သူသိရှိနိုင်ရန် အသိပေးနှိုးဆော်ဗီနိုင်းများ ပြသဆောင်ရွက်ထားရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပွင့်ဖြူမြို့နယ်၌ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို အများပြည်သူသိရှိနိုင်ရန် အသိပေးနှိုးဆော်ဗီနိုင်းများ ပြသဆောင်ရွက်ထားရှိ

042

043

044

045


ပွင့်ဖြူ၊ မတ် ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများဖြစ်ပွားပါက အချိန်နဲ့တစ်ပြေးညီ သွားရောက်ကူညီငြှိမ်းသတ်နိုင်ရေးအတွက်  ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်နှင့်ပတ်သက်ပြီး အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များပါဝင်သည့် အသိပေးနှိုးဆော်ဗီနိုင်းများကို လူအများမြင်သာသော လမ်းဆုံလမ်းခွများ၊ ဈေးများ၊ ကျောင်းများအနီးတို့တွင် ချိတ်ဆွဲပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများကို ပူပြင်းခြောက်သွေ့သော နွေရာသီကာလရောက်ရှိလာပြီဖြစ်၍ ဒေသတွင်းမီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အထူးဂရုပြုဆောင်ရွက်ကြရန်၊ မီးဘေးအန္တရာယ်ရင်ဆိုင်ကြုံတွေ့လာပါက သက်ဆိုင်ရာဌာနများနှင့် အချိန်မီသတင်းပေးပို့ အကူအညီတောင်းခံကြရန် အသိပညာပေးဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဒေသတွင်း မီးလောင်မှု၊ မီးလန့်မှုများ ဖြစ်ပေါ်လာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုမဖြစ်စေရေး အချိန်နဲ့တစ်ပြေးညီ သွားရောက်မီးငြှိမ်းသတ်ပေးနိုင်ရေးအတွက် မီးဘေးအန္တရာယ်နှင့်ပတ်သက်ပြီး အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များပါ‌ဝင်သော ဗီနိုင်းပိုစတာများကို လူအများမြင်သာသော လမ်းဆုံလမ်းခွများ၊ ဈေးများနှင့် ကျောင်းများအနီးတို့တွင် ချိတ်ဆွဲပြသခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages