ဂါဇာက ဟားမတ်ခေါင်းဆောင်တွေကို ပြည်နှင်ဒဏ် ပေးဖို့ ဂျော်ဒန်အကြံပြု - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ဂါဇာက ဟားမတ်ခေါင်းဆောင်တွေကို ပြည်နှင်ဒဏ် ပေးဖို့ ဂျော်ဒန်အကြံပြု

005

မတ် - ၂၄ ( တနင်္လာနေ့ ) 

အမေရိကန်နှင့် ပါလက်စတိုင်း သတင်းရင်းမြစ်များကို ကိုးကား၍ ဂါဇာမှ ဟားမတ်စ် စစ်ဘက်နှင့် နိုင်ငံရေး လှုပ်ရှားသူ ၃၀၀၀ ကို ဂျော်ဒန်က နှင်ထုတ်ရန် အဆိုပြုခဲ့ကြောင်း အရှေ့အလယ်ပိုင်း မျက်လုံးသတင်းဌာနက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့ပါတယ်။ 

အဆိုပါ အစီအစဉ်သည် ဂါဇာရှိ ဟားမတ်စ်နှင့် အခြားစစ်သွေးကြွအဖွဲ့များအား လက်နက်ဖျက်သိမ်းရေး ထပ်မံတောင်းဆိုမှုဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေသော နယ်မြေကို ထိန်းချုပ်ရန် အနောက်ဘက်ကမ်း အခြေစိုက် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့အား လမ်းခင်းပေး လိုက်တာပဲ ဖြစ်ပါတယ်။  အစ္စရေးနှင့် ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးသည် ယခုလအစောပိုင်းတွင် ပျက်သွားခဲ့ပြီး အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်ကို အကောင်အထည်ဖော်ရန် ဦးတည်စေမည့် စေ့စပ်ညှိနှိုင်းမှုများကို ရပ်တန့်စေတယ်လို့ ၂ ဖက်စလုံးက အပြန်အလှန် စွပ်စွဲမှုတွေကို ပြုလုပ်ထားပါတယ်။ 

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် မတ် ၁၈ ရက်တွင် ဂါဇာတွင် လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်ခဲ့ပြီး ယင်းနောက်ပိုင်း နယ်မြေအလယ်ပိုင်းရှိ ဗျူဟာမြောက်နယ်မြေများကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ကျန်ရှိသော ဓားစာခံများကို ဟားမတ်စ်က မလွှတ်ပေးပါက ပါလက်စတိုင်း နယ်မြေကို သိမ်းပိုက်ရန် ကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ် က ခြိမ်းခြောက်ထားပါတယ်။ 

၂၀၂၃ အောက်တိုဘာ ၇ ရက်နေ့ ဟားမတ်တွေရဲ့ အကြမ်းဖက်မှုကို အစ္စရေးက လက်တုံ့ပြန်ရာမှာ ပါလက်စတိုင်း ပြည်သူ ၅ သောင်းကျော် သေဆုံးခဲ့ပြီးပါပြီ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂါဇာကို အမေရိကန်ပိုင် ပြုလုပ်လိုမယ်ဆိုသည့်အပေါ် အာရပ်နိုင်ငံတွေကတော့ ငြင်းဆိုထားပါတယ်။ အီဂျစ်ပိုင် ဆိုင်နိုင်းဒေသမှာ ပါလက်စတိုင်း ၁ သန်းခွဲကျော်ကို နေရာချထားဖို့အကြံပြုပေမဲ့ အီဂျစ်က အကြောင်းမပြန်ဘူးဖြစ်နေပါတယ်။ ဟားမတ်- အစ္စရေး စစ်ပွဲ ကြားမှာပိတ်မိနေတဲ့ ပါလက်စတိုင်းသားတွေကို ဖယ်ထုတ်ဖို့ နည်လမ်းတစ်ခုကတော့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့အနေနဲ့ ဟားမတ်တွေကို ပြည်နှင်ဒဏ်ပေးဖို့ ဆုံးဖြတ်ခိုင်းလိုက်တာပဲ ဖြစ်ပါတယ်။ 


Ref: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages